M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Lee Yoo-young

The Treacherous (2015) 6.2
The Treacherous (2015) ကိုရီးယားသမိုင်းရဲ့ ဖြစ်ရပ်မှန်တချို့ကို အခြေခံရိုက်ကူးထားတဲ့ ကိုရီးယားနန်းတွင်းကားပဲဖြစ်ပါတယ်...နန်းတွင်းကားဆိုတော့ သိကြတဲ့အတိုင်းပဲ အရှုပ်တော်ပုံတွေကတော့ တော်တော်များတယ်... ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ဘုရင်ရန်ဆန်ဂွန်ဟာ အရမ်းရက်စက်ပြီးတော့ ကာမစိတ်ပြင်းထန်သူတယောက်ဖြစ်တယ် နန်တွင်းမှာတင်မက တိုင်ခန်းလှည့်လည်ပြီးတော့ကို လမ်းမှာတင် ကာမဆက်ဆံမှုတွေပြုတဲ့အထိကိုပါပဲ အဲ့ဒီလောက်အထိကို ဆိုးဝါးတဲ့ ဘုရင်တစ်ပါးဖြစ်တယ် အန်ဆွန်ဂျန်နဲ့သူ့အဖေအန်ဆာဟွန်ကတော့ ဘုရင့်ရဲ့ယုံကြည်ရတဲ့အကြံပေးသားအဖနှစ်ယောက်ပေါ တနေ့မှာတော့ မင်းကြီးစိတ်ကြိုက် အသုံးတော်ခံနိုင်မယ့်လူရွေးပွဲတပွဲရှိလို့လာပါတော့တယ် လူရွေးပွဲဆိုတာကလည်း ရှိသမျှမိန်းမအများအပြားထဲမှာမှ အကောင်းဆုံးသောသူတယောက်ကို သာရွေးချယ်သွားမှာဖြစ်ပါတယ် အဲ့ဒီမှာတင် ရှိသမျှ အပျိုတွေရော လင်ရှိမိန်းမတွေရောကို နန်းတော်ထဲကို အများအပြားခေါ်လာရမယ့်အချိန်မှာ အမတ်ဂျိုရဲ့ သမီးလည်း အပါအ၀င်ဖြစ်လာပါတော့တယ် သူ့ရဲ့တဦးတည်းသော သမီးလေးမပါဝင်စေရေးအတွက်....သားသတ်သမားမိန်းကလေး ဂျိုကာဟဲဟာ သမီးအယောင်ဆောင်ပြီး နန်းတွင်းထဲကိုလိုက်ပါသွားပါတော့တယ် ဂျိုကာဟဲ ဘာလို့နန်းတွင်းထဲကိုဝင်ချင်ရတာလဲ...ဒါကလည်းမြုပ်ကွက်တခုအနေနဲ့ပါ ဂျိုကာဟဲဟာ ဘုရင်ကြီးကို ဆွဲဆောင်နိုင်အောင်အဆင့်ဆင့်လေ့ကျင့်ခဲ့ရပုံတွေ (ဥပမာ- ဖရဲသီးကို ညှပ်ခွဲပြတာတို့ဘာတို့ပေါ့) တဦးတည်းသာရွေးမှာဖြစ်တဲ့အတွက် ပြိုင်ဘက်တွေထက်သာအောင် အမတ်အန်ဆွန်ဂျန်က တိတ်တိတ်လေးလေ့ကျင့်ခဲ့ရပုံတွေ.... အချစ် အမုန်းတွေကို ရသစုံရိုက်ကူးထားတဲ့ကားလေးတကားပါ ("အကြမ်း"လို့တော့ ထည့်မရေးတော့ဘူး ကြမ်းမယ်မှန်းသိပြီသားကို...:P)   Credit Review
6.2
IMDB: 6.2/10 883 votes
movie

The Treacherous (2015)

2015
Blu-ray 1080p