M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Lucy Davis

Wonder Woman (2017) 7.5
Wonder Woman (2017) Unicode ပင်လယ်ပြင်ကျယ်ကြီးရဲ့တစ်နေရာမှာ အလွန်သာယာလှပသော ကျွန်းလေးတစ်ကျွန်းရှိတယ်။ ထိုကျွန်းနေလူသားတွေကတော့ ထိုကျွန်းလေးကို Themyscira လို့ခေါ်ကြတယ်။ ထူးဆန်းတာက ထိုကျွန်းလေးပေါ်ကို လူသူအရောက်အပေါက် မရှိပဲ တစ်ကျွန်းလုံးက ကြည့်ရတာ အေးချမ်းသာယာလွန်းတယ်။ ပိုပြီးထူးဆန်းတာက တစ်ကျွန်းလုံးမှာ ဖိုသတ္တဝါဆိုလို့တစ်ကောက်တစ်မြီးမှတောင် မတွေ့ရဘူး။သူတို့ဟာ ရှေးဂရိနတ်ဘုရားရှင်တွေ ဖန်ဆင်းခဲ့ကြတဲ့ စစ်ဘက်မှာ သာလွန်တဲ့ Amazonians အမျိုးသမီးတွေပဲ။ ထိုကျွန်းလေးပေါ်မှာ ကလေးဆိုလို့တစ်ယောက်ပဲရှိတယ်။ ထိုကလေးမလေးက Hippolyta ဘုရင်မရဲ့သမီးတော်လေးဖြစ်ပြီး ငယ်စဉ်ကတည်းက တိုက်ရခိုက်ရတာကို စိတ်အားထက်သန်တဲ့ ကလေးမလေးတစ်ယောက်။ မိခင်ဖြစ်သူက ယခုလို သမီးကလေး တိုက်ရေးခိုက်ရေးအပေါ် စိတ်ဝင်စားတာကို မလိုလားဘူး။ (အမှန်တော့ သူ ယခုလို မလိုလားခဲ့တာလည်း အကြောင်းရှိလို့ပါ။) ဒါပေမဲ့ ကလေးမလေးရဲ့အဒေါ်ဖြစ်သူ စစ်သမီးကြီး Antiope ဆီမှာ သိုင်းပညာတွေ ခိုးသင်ခဲ့တယ်။ တားမြစ်နေတဲ့ကြားကတည်းက ယခုလို တိုက်ရေးခိုက်ရေးကို စိတ်ပါနေတဲ့ သမီးလေးကို တားမြစ်ချင်ပေမဲ့ ညီအစ်မဖြစ်သူ Antiope က တစ်နေ့မှာ ...
7.5
IMDB: 7.5/10 472,212 votes
movie

Wonder Woman (2017)

2017
Blu-ray 1080p