M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Milla Jovovich

Zoolander 2 (2016) 4.7
Zoolander 2 (2016) Unicode ကဲဒီတစ်ခါတော့ ရီစရာ ဟာသကားလေးတစ်ကားဖြစ်တဲ့Zoolander 2 နဲ့ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေဇာတ်ကားလေးကတော့ ပထမ ၁ လိုပဲ ခပ်မြုးမြုးဟာသကားလေးပါပထမကား ၁မှာ ခွဲခါသွားရတဲ့ သူငယ်ချင်းနှစ်ယောက်ပြန်ဆုံတဲ့အခါမှာတော့ဘယ်လိုတွေများ အလွဲလွဲအမှားမှားတွေဖြစ်ပျက်ခဲ့ကြသလဲနာမည်ကြီးမင်းသမီးကြီးသေဆုံးမှုကနေကော လွတ်မြောက်နိုင်ပါ့မလားသတ်တဲ့သူက ဘယ်သူလဲ စတဲ့မေးခွန်းတွေနဲ့ ဟာသဇာတ်မြူးကားZoolander 2 အသေလန်းတဲ့ ကား Zoolander 2ကဲ ပရိတ်သတ်ကြီးက အောက်မှာ ဆက်ပြီးကျိလိုက်ကြ တော့နော် Credit Review Zawgyi ကဲဒီတစ်ခါတော့ ရီစရာ ဟာသကားလေးတစ်ကားဖြစ်တဲ့Zoolander 2 နဲ့ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေဇာတ်ကားလေးကတော့ ပထမ ၁ လိုပဲ ခပ်မြုးမြုးဟာသကားလေးပါပထမကား ၁မှာ ခွဲခါသွားရတဲ့ သူငယ်ချင်းနှစ်ယောက်ပြန်ဆုံတဲ့အခါမှာတော့ဘယ်လိုတွေများ အလွဲလွဲအမှားမှားတွေဖြစ်ပျက်ခဲ့ကြသလဲနာမည်ကြီးမင်းသမီးကြီးသေဆုံးမှုကနေကော လွတ်မြောက်နိုင်ပါ့မလားသတ်တဲ့သူက ဘယ်သူလဲ စတဲ့မေးခွန်းတွေနဲ့ ဟာသဇာတ်မြူးကားZoolander 2 အသေလန်းတဲ့ ကား Zoolander 2ကဲ ပရိတ်သတ်ကြီးက အောက်မှာ ဆက်ပြီးကျိလိုက်ကြ တော့နော် Credit Review
4.7
IMDB: 4.7/10 60,948 votes
movie

Zoolander 2 (2016)

2016
Blu-ray 1080p
Resident Evil: The Final Chapter (2016) 5.6
Resident Evil: The Final Chapter (2016) The Final Chapter အစမှာတော့ အဲလစ်ကို RedQueen ကနေ သတင်းတစ်ခုပေးလာပါပြီ။ အဲဒီသတင်းကတော့ အမ်ဘရဲလားကော်ပိုရေးရှင်းမှာ တီဗိုင်းရပ်စ်ကို သတ်နိုင်မယ့် ဖြေဆေးကို ဖော်နိုင်သွားပြီဆိုတာပါပဲ။ အဲဒီအချိန်မှာ အမ်ဘရဲလားက ဒေါက်တာအိုင်းဆက်နဲ့ ဖုတ်ကောင်စစ်တပ်ကြီးကလည်း လိုက်လာပြီး ၂ ရက်အတွင်းမှာ လူသားတွေရဲ့ နောက်ဆုံးခံတပ်ကျဆုံးတော့ပါမယ်။ အဲလစ်ဟာ တီဗိုင်းရပ်စ်ကူးစက်ခံထားရပြီးသားမို့ အဲဒီဖြေဆေးကို ဟိုက်ဗ် ကနေ သွားယူပြီး ဖြန့်နိုင်မယ်ဆိုရင်တောင် သူကတော့ အခြာuးndead တွေနဲ့အတူ သေဆုံးသွားရတော့မှာပါ။ RedQueen ကရော အမ်ဘရဲလားကို ဘာလို့သစ္စာဖောက်သလဲ။ အဲလစ်ရဲ့နောက်ကြောင်းကိုရော သိလာမလား၊ သူ ဖြေဆေးကို ရမှာလား၊ အဲလစ်ရဲ့စွန့်စားခန်းတွေ ဆုံးခန်းတိုင်ပြီလား ဆိုတာ စောင့်ကြည့်ရုံပါပဲ။ Review Credit - Channel Myanmar
5.6
IMDB: 5.6/10 72,594 votes
movie

Resident Evil: The Final Chapter (2016)

2016
Blu-ray 1080p
Resident Evil: Retribution 5.4
Resident Evil: Retribution အဖွင့်မှာတော့ After life ကဖြစ်ပျက်ခဲ့တဲ့ Arcadia မှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေနဲ့စတင်ထားပြီး အမည်မသိတပ်သားတွေရောက်လာပြီးတဲ့နောက်မှာ Arcadia အမည်တွင်တဲ့ သင်္ဘောကြီးဟာပေါက်ကွဲပျက်ဆီးသွားခဲ့ပြီး အဲလစ် ဟာလည်း ပင်လယ်ထဲမျောပါသွားပါတယ် Raccoon City မှာရှိတဲ့ အဲလစ်ဟာတော့သူ့ခင်ပွန်း တော့ဒ် သူမသမီးငယ် ဘက်ကီ တို့နဲ့အတူငြိမ်းချမ်းစွာနေထိုင်လျက်ရှိပြီး တစ်ရက်မှာ ဘယ်ကရောက်လာမှန်းမသိတဲ့ဖုတ်ကောင်တွေရဲ့တိုက်ခိုက်မှုကို ခံရပြီး မြို့ပါပျက်စီးသွားပါတော့တယ် အဲလစ်ကရောလွတ်မြောက်နိုင်ပါ့မလား ဒီဇာတ်ကားမှာတော့ အရင် ဇာတ်လမ်းတွေမှာရင်းနှီးခဲ့တဲ့ ဇာတ်ကောင်တွေကိုပြန်တွေ့ရမှာဖြစ်ပြီး အနည်းငယ်နားမလည်နိုင်စရာကောင်းပြီးရှုပ်ထွေးနေပါလိမ့်မယ် ဇာတ်ကောင်အသစ်တွေအနေနဲ့ကတော့ Gamer တွေရင်းနှီးခဲ့တဲ့ Resident Evil 4 မှ လီယွန်အက်ဖ်ကနေဒီနဲ့ အာဒါဝေါင် တို့ပါဝင်လာမှာပါ ဂျေးဗယ်လင်တိုင်း ကိုလည်း သတိရကြဦးမှာပါသူတို့တွေပူးပေါင်းပြီး Umbrella Corp ကိုဖျက်ဆီးဖြိုခွဲနိုင်မှာလား ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာ ကိုရင်တထိတ်ထိတ်နဲ့မထတမ်း ကြည့်ရှုရမှပါ။ Credit - Review
5.4
IMDB: 5.4/10 123,595 votes
movie

Resident Evil: Retribution

2012
Blu-ray 1080p
Resident Evil: Afterlife (2010) 5.9
Resident Evil: Afterlife (2010) ကမ္ဘာကြီးတစ်ခုလုံးဖုတ်ကောင်တွေရဲ့ တိုက်ခိုက်မှုခံခဲ့ရပြီးချိန်မှာတော့ အဲလစ် တစ်ယောက်ဟာ umbrella corp ကို ထိပ်တိုက်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါပြီ ကလယ်ရာရက်ဖီးလ် ဦးဆောင်တဲ့ ရှင်ကျန်သူအုပ်စုနဲ့လမ်းခွဲထွက်လာပြီးတဲ့နောက် လမ်းခရီးမှာတိုက်ခိုက်မှုမျိုးစုံနဲ့ကြုံရပါတော့တယ် တစ်နေ့မှာ ရေဒီယိုလိုင်းတစ်ခုပေါ်မှ အရေးကြီး ထုတ်လွှင့်ချက်တစ်ခုရပြီးတဲ့နောက်မှာတော့ Arcadia ဆိုတဲ့နေရာလေးကိုထွက်ခဲ့ရာမှ တစ်ချိန်ကသိကျွမ်းခဲ့ဖူးတဲ့ ကလယ်ရာရက်ဖီးလ် ကို အတိတ်မေ့သူတစ်ဦးအနေနဲ့လည်းပြန်တွေ့ခဲ့ရပြီး နှစ်ယောက်အတူဆက်လက်ခရီးနှင်ခဲ့ရာမှ Los Angeles မြို့ရှိအဆောက်ဦးတစ်ခုပေါ်လေယာဉ်ဆင်းသက်ခဲ့ရာမှာ လူသာဝက်စ် ဦးဆောင်တဲ့ ရှင်ကျန်သူအုပ်စုတစ်စုနဲ့တွေ့ဆုံခဲ့ပြီးနောက် Arcadia ဆိုတာဘာလဲဆိုတာသိခဲ့ရတဲ့အပြင် ထူးဆန်းစွာနဲ့ ကလယ်ရာရက်ဖီးလ် ရဲ့အစ်ကိုဖြစ်သူ ခရစ်ရက်ဖီးလ် ကို လူသာဝက်စ်တို့ရဲ့အကျဉ်းသားတစ်ဦးအဖြစ်တွေ့ခဲ့ပါတယ် အဲ့ဒီနောက်ပိုင်း အဲလစ်တို့လူစု Arcadia ကို ဘယ်လိုသွားကြမလဲ သူတို့လွတ်မြောက်နိုင်ပါ့မလား ဒီဇာတ်ကားမှာတော့ အဲလစ်နဲ့ Umbrella Corp တို့ရဲ့ တွေ့ဆုံမှုကအမြင့်ဆုံးအနေထားကိုရောက်လာပါပြီ။ Credit - Review
5.9
IMDB: 5.9/10 151,386 votes
movie

Resident Evil: Afterlife (2010)

2010
Blu-ray 1080p
Resident Evil: Extinction (2007) 6.3
Resident Evil: Extinction (2007) Raccoon City ဟာ ဖုတ်ကောင်တွေရဲ့လက်ချက်ကြောင့်ပျက်စီးသွားခဲ့တဲ့နောက်ပိုင်းဖြစ်ရပ်များအနေနဲ့ ဇာတ်လမ်းကိုဦးတည်ထားပါတယ် အဲလစ်တစ်ယောက်ဟာ ဒီဖြစ်ရပ်တွေအပြီးမှာ Umberlla Corp ရဲ့လုပ်ရပ်တွေကိုရှင်းရှင်းလင်းလင်းသိသွားပြီးနောက် တစ်ကိုယ်တော်ခရီးထွက်လာခဲ့ရာမှ Nevada သဲကန္တာရတွင်းရှိ Kmart တစ်ခုမှ လမ်းညွှန်မြေပုံတစ်ခုကိုတွေ့ရှိခဲ့ပြီးခရီးဆက်ခဲ့ရာမှ လမ်းခုလတ်တွင် ဇွန်ဘီကျီးကန်းများတိုက်ခိုက်မှုကြောင့် ဒုက္ခတွေ့နေတဲ့ ကလာရာရက်ဖီးလ် ဦးဆောင်တဲ့ ရှင်ကျန်သူတစ်စုနဲ့ပူးပေါင်းမိပြီး Las Vegas ကိုခရီးထွက်ခဲ့ရာ သူတို့ရဲ့သွားလိုတဲ့ပန်းတိုင်ကို ချောချောမွေ့မွေ့ရောက်နိုင်ပါ့မလား ဘာတွေဆက်ဖြစ်ကြမလဲ အဲလစ်ရဲ့စိတ်စွမ်းအင်ဟာလည်း ဒီဇာတ်ကားမှာတော့ပိုအားကောင်းလာတာကိုတွေ့ရမှာပါ။ Credit - Review
6.3
IMDB: 6.3/10 171,354 votes
movie

Resident Evil: Extinction (2007)

2007
Blu-ray 1080p
Resident Evil (2002) 6.7
Resident Evil (2002) Imdb 6.7 ရရှိခဲ့သည်။ Driector Paul W.S Andrewson ၏ အောင်မြင်ခဲ့သောဇာတ်လမ်းများထဲမှ တစ်ကားအပါအဝင်ဖြစ်သည်။ Alice အဖြစ်သရုပ်ဆောင်သူ Milla Jovovich ၏ မှတ်တိုင်ဇာတ်ကားတစ်ကားလည်းဖြစ်ခဲ့သည်။2002 ခုနှစ်တွင် Resident Evil ကိုစတင်မိတ်ဆက်ခဲ့ပြီး Resident Evil သည် 2002 မှစပြီး အောင်မြင်သောကြောင့် Game Video ပါထွက်ခဲ့သော ဇာတ်ကားဖြစ်ပါသည်။ Umbrella ဆိုသော ဓာတ်ခွဲခန်းတွင် DNA ပေါင်းများစွာကို ပေါင်းစပ်ပြီး လျှို့ဝှက်စမ်းသပ်ခဲ့ကြသည်။ ထိုစမ်းသပ်ခန်းထဲတွင်မှ ပေါက်ကွဲမှူ ပြီး အမျိုးအမည်မသိသော သတ္တဝါဆန်းကြီးဖြစ်ပေါ်လာလေသည်။ ထိုဓာတ်ခွဲခန်းထဲတွင်ရှိသော သက်ရှိအရာများသည် အမျိုးအမည်မသိသော သတ္တဝါဆန်းများဖြစ်လာခဲ့ပါသည်။ ထိုအချိန်တွင် စမ်းသပ်ခန်းတွင်ရှိနေသော Alice (Milla Jovovich) သည် ထိုသတ္တဝါများကို မည်ကဲ့သို့ရင်ဆိုင်မည်နည်း ၊ သတ္တဝါဆန်းများကို နှိမ်နှင်းနိုင်ပါ့မလားဆိုတာ ပိတ်ကားတွင်ဆက်လက်ကြည့်ရှူ့ ပါရန်။ ထိုသတ္တဝါဆန်းကြီးများလက်မှ လွတ်မြောက်ပါမလား ...
6.7
IMDB: 6.7/10 229,345 votes
movie

Resident Evil (2002)

2002
Blu-ray 1080p