M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Nigel Havers

Empire of the Sun (1987) 7.8
Empire of the Sun (1987) ဒုတိယကမ္ဘာကြီးအတွင်း Jamie Graham(Jim) ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ Jim အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ထားတဲ့သူက ကျနော့်အကြိုက်ဆုံး မင်းသားတစ်လက်ဖြစ်တဲ့ Christian Bale ပေါက်စလေးဖြစ်တယ်။ Jim ဟာ တရုတ်ပြည် ရှန်ဟိုင်းမြို့မှာ နေထိုင်တဲ့ အင်္ဂလိပ်လူကုံထံမိသားစုက တစ်ဦးတည်းသားလေးပါ။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ဂျပန်တပ်တွေ ရှန်ဟိုင်းမြို့ကို အလုံးအရင်းနဲ့ ကျူးကျော်ကြတော့တယ်။ Jim တို့မိသားစုလည်း စစ်ဒဏ်ရှောင်ဖို့ နေအိမ်ကိုစွန့်ခွာပြီး ထွက်ပြေးကြရတယ်။ ကံမကောင်းချင်တော့ Jim ဟာ သူ့ကလေးအိမ်မက် လေယာဉ်ပျံရုပ်လေးကို ကုန်းကောက်ရင်းနဲ့ လူအုပ်ကြီးထဲမှာ သူ့မိဘတွေနဲ့ လူကွဲသွားခဲ့ရတယ်။ Jim ဟာ နီးစပ်ရာ တွန်းလှည်းပေါ်တက်ပြီး သူ့မိဘတွေကိုလှမ်းခေါ်တယ်။ Jim အမေက Jim ကိုမြင်နေရပေမယ့် အတူခေါ်သွားဖို့မဖြစ်နိုင်တော့အတွက် Jim ကိုအိမ်ပြန်ပြီး စောင့်နေခိုင်းတယ်။ Jim လည်း တစ်ယောက်တည်း အိမ်ပြန်ခဲ့ရတယ်။ အိမ်ပြန်ရောက်တော့ ...
7.8
IMDB: 7.8/10 105,474 votes
movie

Empire of the Sun (1987)

1987
Blu-ray 1080p