M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Noah Emmerich

Super 8 (2011) 7.0
Super 8 (2011) Unicode လူငယ်ဇာတ်ကားကောင်းဟောင်းလေးတစ်ကားတင်ပေးချင်ပါတယ်။ ၂၀၁၁ခုနှစ်ထွက် Science Fiction/Thriller ကားကောင်းလေးဖြစ်ပြီး ငွေကြေးပိုင်းဆိုင်ရာတွင်အောင်မြင်မှုများစွာရရှိခဲ့ပြီး ဒေါ်လာသန်း၂၆၀အထိ ရုံဝင်ငွေရရှိ ခဲ့ပါတယ်။ ထို့အပြင် များစွာသောဆုတွေရရှိခဲ့ပြီး အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် ကွန်ပျူတာအထူးပြုလုပ်ချက်၊ ဂီတပိုင်းဆိုင်ရာနှင့် သရုပ်ဆောင်မှုများတွင် ဝေဖန်မှုကောင်းကောင်းရခဲ့တဲ့ကားလေး ဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ ၁၉၇၉ခုနှစ် နယ်မြို့လေးတစ်မြို့ကိုအခြေတည်ထားပါတယ်။ နယ်ထိန်းရဲတစ်ယောက် ဖြစ်တဲ့ဂျက်နှင့် သူ့သားဖြစ်သူ ဂျိုးတို့ဟာ စတီးမိုင်းတစ်ခုမှ မတော်တဆမှုကြောင့် မိခင်ဖြစ်သူ အယ်လီဇဘယ် သေဆုံးသွားတဲ့အတွက် ပူဆွေးဝမ်းနည်းနေခဲ့ ရပါတယ်။ ဒါတွေအားလုံးဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်ကြောင့်ဆိုပြီး အပြစ်တင်နေခဲ့ပါတယ်။ ဒီလိုနဲ့လေးလလောက်ကြာတဲ့အခါမှာဂျိုးရဲ့သူငယ်ချင်းဖြစ်သူချားစ်က နိုင်ငံတကာရုပ်ရှင်ပွဲတော်ပြိုင်ပွဲအတွက် ရုပ်ရှင်အတိုလေးတစ်ခုရိုက်ကူးရန် စတင်လုပ်ဆောင်ပါတော့တယ်။ ဇာတ်လမ်းကအဲဒီမှာစတာပါပဲ။ အခြားသောသူငယ်ချင်းများရဲ့အကူအညီနဲ့အတူ ချားစ်တစ်ယောက်ဇာတ်လမ်းတိုလည်းစရိုက်ပါတယ်။ တစ်နေ့ ညအချိန်ကြီး မီးရထားဘူတာအနီးတွင် ရိုက်ကွင်းတစ်ခုရိုက်ရန်လုပ်နေကြပါတယ်။ အစမ်းလေ့ကျင့်နေကြစဉ်မှာပဲ အနီးနားက ဖြတ်သွားတဲ့ရထားေ့ရှကို ပစ်ကပ်ကားအဖြူတစ်စီး ပြေးဝင်သွားရကစပြီး ရထားတွဲလည်းပြိုလဲသွားကာ ဂျိုးစ်တို့သူငယ်ချင်းတစ်စုလည်း ပေါက်ကွဲမှုအရှိန်ကြောင့်တကွဲတပြားစီဖြစ်ကုန်ပါတယ်။ အဲဒီနောက် လူတွေပြန်စုမိပြီး လူငယ်တွေသဘာဝအတိုင်းဖြစ်ပျက်ရသည့်အကြောင်းအရာကိုသွားစပ်စုကြည့်တဲ့အခါမှာတော့ ကားမောင်းသူမှ သူတို့ရဲ့ဇီဝဗေဒဆရာ ဒေါက်တာဝုဒ်ဝေါ့ဒ်ပဲဖြစ်နေပါတယ်။ အသက်မနည်းရှုနေရတဲ့ ဒေါက်တာဝုဒ်တစ်ယောက် လူငယ်တွေကိုသေနတ်တလက်နဲ့ချိန်ရင်း သူတို့မြင်ခဲ့သမျှတွေကိုဘယ်သူ့ကိုမှပြောဖို့ ပြောရင်တမိသာစုလုံး ဒုက္ခရောက်မယ်ဆိုပြီးခြိမ်းခြောက်ပါတော့တယ်။ ကံကောင်းတာကတော့ အဲဒီလိုဖြစ်သွားချိန်ကို ရုပ်ရှင်ရိုက်နေသည့် ကင်မရာမှအမှတ်မထင်မှတ်တမ်းတင်ထားပြီးဖြစ်နေပါတယ်။ ထို့နောက်အမေရိကန်စစ်တပ်ကပါဝင်ရောက်စွက်ဖက် လာပြီး အဲဒီနယ်မြေကိုအတင်းအကျပ် ...
7.0
IMDB: 7.0/10 334191 votes
movie

Super 8 (2011)

Blu-ray 1080p
The Truman Show (1998) 8.1
The Truman Show (1998) သင်နေ့စဉ်ဘဝကြီး သင့်ပတ်ဝန်းကျင်တစ်ခုလုံးကစတူဒီယိုကြီးဖြစ်နေမယ် သင် ရင်းနှီးကျွမ်းဝင်တဲ့လူတွေအားလုံးဟာ သရုပ်ဆောင်တွေဖြစ်နေမယ် သင့်ဘဝဟာ လူတွေစိတ်ဝင်တစားနဲ့ ဟာသလုပ်ပြီးအပန်းဖြေကြည့်ရှုကြတဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်နေမယ်ဒါပေမယ့် အဲ့ဒါတွေကို သင်မသိဘူး သင့်စိတ်ထဲမှာတော့သင်ဟာ သာမန်ဘဝလေးတစ်ခု ဖြတ်သန်းနေရတယ်ပဲထင်နေမယ်။ တစ်နေ့ သင့်ဘဝတစ်ခုလုံးက အစစ်အမှန်မဟုတ်ပဲ ရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖြစ်နေရင် သင်ဘယ်လိုနေမလဲ ။သင်စိတ်ဝင်စားတယ်ဆိုရင် ဒီကားလေးကို ကြည့်ကြည့်လိုက်ပါ။ Jim Carrey ကို ကျွန်တော်အစက ဟာသမင်းသားတစ်ဦးပဲမျက်နှာပြောင်မယ် အသံသေးအသံကြောင်တွေနဲ့ ပြောမယ် ဒီလောက်ပဲ ကျွန်တော်သတ်မှတ်ခဲ့တာ ။ ဒါပေမယ့်ဒီကား ကြည့်အပြီးမှာတော့ ကျွန်တော် Jim Carrey အပေါ် ကျွန်တော့် အထင်အမြင်တွေ ပြောင်းလဲသွားခဲ့ပါတယ်။သရုပ်ဆောင်ကောင်းတာထက် ငပေါတစ်ယောက်ရဲ့နာကျင်မျက်ရည်ကို ကောင်းကောင်းကြီး ပုံဖော်ပြသွားတာအသက်ပါလွန်းလို့ ကိုယ်ပါသူနဲ့ လိုက်ပြီး မျက်ရည်ဝဲခဲ့ဖူးပါတယ်။ ဇာတ်လမ်းအညွန်းကို MM Subtitle မှကူးယူဖော်ပြပါသည်။
8.1
IMDB: 8.1/10 819,223 votes
movie

The Truman Show (1998)

1998
Blu-ray 1080p