M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Samantha Mathis

Buried (2010) 7.0
Buried (2010) မင်္ဂလာပါ၊ Ryan Reynolds ဒါမှမဟုတ် deadpool ရဲ့ fans တွေအတွက် Movie ခပ်မိုက်မိုက်လေးတစ်ခု တင်ပေးလိုက်ပါပြီခင်ဗျ။ ပြီးခဲ့တဲ့နှစ်က Oscar ဆွတ်ခူးသွားတဲ့ The Room (2015) လိုမျိုး.. ၊ 10 Cloverfield lane လို movie မျိုး.. ကြိုက်တတ်တယ်ဆိုရင် Buried က မလွဲမသွေ ကြည့်ရှုရမယ့်ဇါတ်ကားလို့ညွှန်းဆိုချင်ပါတယ်။ လူတွေရဲ့ အိပ်မက်တွေထဲမှာ ရံဖန်ရံခါ မက်တတ်တဲ့ အိပ်မက်ဆိုးတွေထဲက အဖြစ်မျိုး အပြင်လက်ရှိလောကမှာလဲ ဖြစ်နိုင်တယ် ဖြစ်တတ်တယ်ဆိုတာ.. Director Rodrigo Cortés က ပုံဖေါ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။တကယ်လို့ ကျွန်တော်တို့တွေ ကိုယ်မသိဘဲ အရှင်လတ်လတ် မြေမြှုပ်ခံလိုက်ရတယ်ဆိုရင်. ဘယ်လောက်တောင် သွေးပျက်ခြောက်ခြားစရာကောင်းနေမလဲ... ကိုယ် သတိမေ့ရာက စိတ်ပြန်လည်လာတဲ့အချိန်မှာ.. ပိန်းပိတ်အောင်မှောင်နေတဲ့ အမှောင်ထုနဲ့ ကိုယ်ပဲရှိမယ်. အသက်ရှုဖို့ လေနည်းနည်းပဲရှိနေမယ် ဆိုရင် ကျွန်တော်တို့ဘယ်ကနေစပြီး ဘယ်လို ဒီအခြေအနေကို တုံ့ပြန်မလဲ ဆိုတာ.. ဒီဇါတ်လမ်းလေးနဲ့ ...
7.0
IMDB: 7.0/10 137,558 votes
movie

Buried (2010)

2010
Blu-ray 1080p
American Psycho (2000) 7.6
American Psycho (2000) အ​မေရိကန်​ ပြည်​​ထောင်​စု ၉ဝနှစ်​ဝန်းကျင်မှာ ကုမ္ပဏီ လူကြီးမင်း​တွေကြားက အချင်းချင်းပြိုင်​ဆိုင်​မှု​တွေ မနာလိုမှု​တွေ အဆင့်​အတန်းခွဲ ခြားမှု​တွေပြည့်​နှက်​​နေခဲ့တယ်​ ....ရယ်​​မောစကား​ပြော​နေ​ပေမယ့်​ အတွင်းစိတ်​က မုန်းတီး​နေကြတဲ့ ပတ်​ဝန်းကျင်​တစ်​ခု….. ဒီလိုအနေအထားမှာ ပက်​ထရစ်​ ဘိတ်​မန်း တစ်​​ယောက်​ သူကြည့်​မရတဲ့ လုပ်​​ဖော်​ကိုင်​ဘက်​ကို သတ်​ပစ်​ခဲ့တယ်​ ...သူ့လုပ်ရပ်တွေက အကုန်အဆန်းတွေကြီးပဲ…ဒီကားဟာ TOP IMDB ထဲမှာပါသလို ရုပ်ရှင်ဝေဖန်ရေးသမားတွေအသိအမှတ်ပြုဇာတ်ကားတစ်ကားဖြစ်တယ်….ဒီကားကိုကြည့်တဲ့သူတွေအဖို့ ဘိတ်မန်းရဲ့ စရိုက် အမူအကျင့်တွေ ပတ်ဝန်းကျင်ကို ဆက်ဆံပုံတွေ အသေးစိတ် မျက်ခြေမပြတ်လိုက်ရပါ့မယ်..….သူလုပ်ရပ်တွေဟာ အမှန်တကယ်ဖြစ်ခဲ့တာလား…စိတ်ကူးယဉ်သက်သက်လား….သူစီစဉ်ခဲ့တာတွေဟာဘာအတွက်လဲ…. ဘာကြောင့်လဲ…ဒီကားက အတော်ကို ခေါင်းစားပါတယ်...နောက်ပြီးအဖော်အချွတ်အခန်းတစ်ချို့ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..ဒီကားရဲ့ အဓိကသရုပ်ဆောင် Christian Bale ကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ် Review Credit - Channel Myanmar
7.6
IMDB: 7.6/10 423,649 votes
movie

American Psycho (2000)

2000
Blu-ray 1080p