M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Shirley Henderson

Greed (2019) 5.7
Greed (2019) Unicode England Brand အဝတ်အစားတွေရဲ့ လောကမှာဘုရင်တပါးလို့တင်စားရလောက်အောင် နာမည်ကြီးတဲ့သူတယောက်ဖြစ်တဲ့သူဌေး မက်ခရီဒီး တယောက် သူ့ရဲ့အသက် 60ပြည့် မွေးနေ့ကိုဂရိကျွန်းတခုပေါ်မှာ ကျင်းပဖို့ ကြိုးစားတဲ့အကြောင်းရိုက်ထားတာပါ။ သူ့ဘဝဇာတ်ကြောင်းကိုမူတည်ပြီး စီးပွားရေးလောကအကြောင်းကို ရိုက်ပြထားပါတယ်။သူကိုယ်တိုင်က အဝတ်အစားလောကမှာ ဘုရင်တဆူဖြစ်ပေမယ့်သူကိုယ်တိုင်ကတော့ အဝတ်အစားဆိုတာထက်အရောင်းအဝယ်ကိစ္စကိုသာ ဦးစားပေးတဲ့သူ။ အဓိကကတော့ သူက ဆွေးနွေးညှိနှိုင်းတာတွမှာ အလွန်တော်တဲ့သူ။ရောင်းမစွံတဲ့အဝတ်အထည်တွေကို အောက်ကြေးနဲ့ယူပြီးအမြတ်ရအောင် ဘယ်လိုပြန်ရောင်းတယ်ဆိုတာတွေ။ နောက်ပိုင်း သူကိုယ်တိုင် အဝတ်အထည်တွေ ထုတ်မယ်ဆိုတော့လုပ်အားခကို တွက်ပြီး သူတို့ထုံးစံအတိုင်း လုပ်အားခသက်သာတဲ့တတိယနိုင်ငံတွေမှာ အထည်တွေမှာယူတဲ့အကြောင်းတွေ။သူပိုင်တဲ့တံဆိပ်တွေကို ဘာလို့ ဒေဝါလီခံလိုက်တယ်ဆိုတာတွေ။ အခွန်တွေကို သူတို့လောကမှာ ဘယ်လိုရှောင်ကြတယ်ဆိုတာတွေကိုထည့်ရိုက်ပြသွားပါတယ်။အဓိကကတော့ လုပ်အားခေါင်းပုံဖြတ်မှုတွေဘယ်လောက်ဆိုးတယ်ဆိုတာကို ပိုပြီး ပြသွားတာပါ။ဇာတ်လမ်းကတော့ သူ့မွေးနေ့ကျင်းပမယ့်အချိန်ကစပြီးသူဒီနေရာကိုရောက်ဖို့ ဘယ်လိုလုပ်ခဲ့တယ် ဘယ်လိုရောက်လာခဲ့တယ်ဆိုတာကိုသူ့အကြောင်းရေးမယ့် စာရေးဆရာကနေ သူ့အနီးဝန်းကျင်ကမိဘဆွေမျိုးတွေ သားသမီးတွေ သူ့ဆီမှာ အလုပ်လုပ်တဲ့သူတွေကိုလိုက်မေးတဲ့ပုံစံနဲ့ တင်ဆက်ထားတာဖြစ်ပြီး ဇာတ်လမ်းကအနိမ့်အမြင့်အတက်အကျ မရှိတဲ့အတွက် အက်ရှင်ကားတွေ ကြိုက်တဲ့သူလျှို့ဝှက်သဲဖိုကားတွေလိုမျိုး မှုခင်းကားတွေပဲကြိုက်တဲ့သူတွေအတွက်တော့အဆင်ပြေမှာ မဟုတ်ပါဘူး။ဒါပေမယ့် စီးပွားရေးလောကအကြောင်းတွေ သူတို့ အရောင်းအဝယ်ကို ဘယ်လိုလုပ်တယ်။ သူတို့ကုန်ပစ္စည်းရဖို့ ဘယ်လိုလုပ်ကြတယ်ဆိုတာတွေကို ထည့်ပြသွားတဲ့ ဇာတ်ကားတကားပါ။အပြင်မှာရှိတဲ့ သူဌေးကြီးတယောက်အကြောင်းကို နည်းနည်းလေးကျောရိုးယူပြီးရိုက်ထားတယ်လို့ဆိုပါတယ်။ခံစားကြည့်ရှုလိုက်ကြပါအုံး။ Credit Review Zawgyi England ...
5.7
IMDB: 5.7/10 3432 votes
movie

Greed (2019)

Blu-ray 1080p
Okja (2017) 7.3
Okja (2017) Unicode Mirando Cooperation ရဲ့ CEO လူစီဟာ ကမ္ဘာတစ်ဝှမ်း အနာဂတ်မှာ စားနပ်ရိက္ခာဖူလုံရေးအတွက် သူတို့ company မှ Biotechnology ဇီဝနည်းပညာဖြင့် ဖန်တီးထားတဲ့ အကောင်ကြီး အစားနည်း အရသာရှိတဲ့ စူပါဝက်ပေါက်လေးတွေကို သဘာဝအတိုင်းကြီးပြင်းကြောင်း လှည့်စားပြသတဲ့သဘောနဲ့ ဝက်ပေါက်လေး ၂၆ ကောင်ကို ကမ္ဘာနေရာအနှံ့အပြားကို ပို့ဆောင်မွေးမြူပြသခဲ့တယ်။ တောင်ကိုရီးယားတောင်ပေါ်တောတွင်းတနေရာမှာ Mija ဆိုတဲ့ကလေးမနဲ့အတူ Okja ဆိုတဲ့ စူပါဝက်ဟာ ကြီးပြင်းလာခဲ့တယ်။ Okja ၁ဝနှစ်ပြည့်သွားတဲ့အချိန် company က Okja ကို လာခေါ်တော့ Mija အဘိုးက Mija မသိအောင်ထည့်ပေးလိုက်တယ်။ Okja ကိုသံယောဇဉ်ကြီးလွန်းတဲ့ Mija တျောက် ဆိုးလ်မြို့ကိုလိုက်သွားပြီး Okja ကိုပြန်ခေါ်ဖို့ကြိုးစားတယ်။ အဲအချိန်မှာပဲ တိရိစ္ဆာန်နဲ့သဘာဝပတ်ဝန်းကျင်စောင့်လျှောက်တဲ့ အနာခစ်အဖွဲ့ ALF (Animal Liberation Front) အဖွဲ့ကလည်း မျက်နှာဖုံးတွေစွပ်ပြီး အနာခစ်စံစံ Okja ကို company ကားထဲက လုယူကြတယ်။ ALF ...
7.3
IMDB: 7.3/10 68,666 votes
movie

Okja (2017)

2017
Blu-ray 1080pWeb-dl 1080p