M-Sub Movie – Myanmar Subtitle Movies & Series Free Download Website
Willem Dafoe
What Happened to Monday (2017) 6.9
What Happened to Monday (2017) Unicode ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်။ တစ်ခါတုန်းက အနာဂတ်ကမ္ဘာကြီးမှာ လူဦးရေတွေ ထူထပ်များပြားလို့ စားနပ်ရိက္ခာအခက်အခဲတွေ့နေရသတဲ့။ ဒီတော့ ဗြူရိုကရက်တစ်အစိုးရဟာ တစ်အိမ်တစ်ယောက်ပဲ ကလေးမွေးရမယ်လို့ ဥပဒေထုတ်လိုက်တာပေါ့။ ဒီတော့ အမွှာမွေးမိတဲ့ မိဘတွေဟာ ကိုယ့်ကလေးကို ဝှက်ထားရတော့တယ်။ တကယ်လို့ သိသွားရင် လက်နက်ကိုင်တပ်သားတွေက ပိုတဲ့ ကလေးကို ဖမ်းခေါ်သွားကြတယ်။ သူတို့ကို စားနပ်ရိက္ခာလောက်ငှတဲ့ တစ်နေ့ကျ ပြန်တွေ့ရမယ်လို့ ပြောထားပေမယ့် ဘယ်ကို ခေါ်သွားမှန်းတော့ ဘယ်သူမှ မသိကြပါဘူး။ ဒီလိုကာလမှာပဲ ထူးထူးခြားခြား အမွှာညီအစ်မ ခုနှစ်ယောက်ကို မွေးသတဲ့။ သူတို့ကို မှတ်ရလွယ်အောင် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနဲ့ စနေလို့ ခေါ်ကြရအောင်။ မိဘတွေ မရှိကြတော့တဲ့ သူတို့ကို သိပ္ပံပညာရှင် အဘိုးက လိမ္မာပါးနပ်တဲ့ အစီအစဉ်နဲ့စောင့်ရှောက်ပါတယ်။ အဲဒီအစီအစဉ်ကြောင့် ဘယ်ညီမမှ ဖမ်းခေါ်မသွားခံခဲ့ရဘူး။ အဘိုးရဲ့ အကြံက ဒီလိုပါ။ ...
6.9
IMDB: 6.9/10 99665 votes
movie
What Happened to Monday (2017)
Blu-ray 1080p
The Lighthouse (2019) 7.6
The Lighthouse (2019) Unicode ဒီဇာတ်ကားလေးထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ ရောဘတ်ပတ်တီဆန် (Twilight ထဲကမင်းသား) နဲ့ မင်းသားကြီး ဝီလီယံဒတ်ဖို (Spiderman 2002 ထဲဗီလိန်မင်းသားကြီး) နှစ်ယောက်တည်းသာလျှင် တစ်ကားလုံးမှာ သရုပ်ဆောင်ထားတာတွေ့ရမှာပါ မင်သားနှစ်ယောက်တည်းနဲ့တင် တစ်ကားလုံးကိုတဖြည်းဖြည်းနဲ့ဆွဲဆောင်ထားတာပါ ဒီဇာတ်ကားကိုကြည့်ပြီးရင်တော့ ခေါင်းထဲမှာအတွေးတွေတစ်သီချည်းကျန်ခဲ့စေမယ့်ဇာတ်ကားမျိုးပါ ဇာတ်လမ်းအကျဉ်းကတော့ ၁၉ရာစု New England ကမ်းရိုးတန်းကမီးပြတိုက်တစ်ခုမှာအခြေတည်ရိုက်ထားပါတယ် အီဖရန်ဝင်းစလို လူငယ်လေးတစ်ယောက်ဟာသောမတ်စ်ဝိတ်ဒ် ဆိုတဲ့ မီးပြတိုက်စောင့်ရှောက်သူအဖိုးကြီးရဲ့လက်အောက်မှာ လေးပတ်လောက်အလုပ်လုပ်ဖို့တာဝန်ကျလာပါတယ် စစရောက်ချင်းနေမှာပဲ သူ့အိပ်ရာထဲကနေ ရေသူမအရုပ်လေးတစ်ရုပ်ကိုတွေ့ခဲ့ပြီးသိမ်းထားခဲ့ပါတယ် အီဖရန် သူတို့နေထိုင်တဲ့နေရာအတွက် အလုံးစုံအကုန်လုံးကိုလုပ်ရပါတယ် သောမတ်စ်ဝိဒ်ကတော့ညဖက် မီးပြတိုက်ရဲ့ထိပ်ဆုံးအပေါ်ထပ်မှာပဲအလုပ်လုပ်ပါတယ် နေ့ဖက်တွေအလုပ်လုပ်ပြီး ညဖက်ဆိုအီဖရန်ရဲ့အတွေးတွေက ကယောက်ခြောက်ခြားဖြစ်တယ် တွေးမိတွေးရာတွေလျှောက်တွေး ဖြစ်တာများတယ် တစ်နေ့ညဖက် ညစာစားခဲ့တဲ့အခါ အီဖရန်ဟာ လမ်းညွှန်စာအုပ်မှာက အလုပ်ကိုအလှည့်ကျလုပ်ရမယ်လို့ရေးထားတယ်အဲ့ဒါကြောင့်သူလဲ မီးပြတိုက်အပေါ်ဆုံးမီးအိမ်ကြီးရှိတဲ့နေရာမှာအလုပ်လုပ်ချင်တယ်လို့ပြောပါတယ် ဒါပေမယ့် သောမတ်စ်ကလက်မခံပါဘူး သူတစ်ဦးတည်းသာလျှင်အဲ့အလုပ်လုပ်မယ်ဘယ်သူမှလုပ်လို့မရဘူးဆိုပြီးငြင်းခဲ့ပါတယ် အီဖရန်လည်း စီနီယာအထက်လူကြီးဖြစ်နေအတွက်ကြောင့် ပထမအကြိမ်လက်လျှော့ခဲ့ပါတယ် ညစာစားနေရင်းနဲ့သောမတ်စ်ကအီဖရန်ကို ဒီနေရာမှာရှိတဲ့အယူအဆတစ်ချို့ကိုပြောပြခဲ့ပါတယ် ပင်လယ်ဇင်ရော်ငှက်တွေကိုမသတ်ရဘူး သတ်ရင်ဒုက္ခရောက်မယ်ဆိုတာတွေအခြားအရာတွေရောပေါ့ဒီလိုနဲ့ သောက်ရင်း စားရင်းနေလာလိုက်တာ တစ်နေ့တော့ အီဖရန်တို့သောက်နေတဲ့ရေကန်ထဲကိုဇင်ရော်ငှက်တစ်ကောင်ကျပြီးသေနေပါတယ်အီဖရန်ဟာ ဒေါသထွက်ပြီး ...
7.6
IMDB: 7.6/10 94769 votes
movie
The Lighthouse (2019)
Blu-ray 1080p
Once Upon a Time in Mexico (2003) 6.4
Once Upon a Time in Mexico (2003) Unicode ဂစ်တာအိတ်ကြီးလွယ်ထားတတ်တဲ့ သွေးအေးလူသတ်သမားတွေအကြောင်းကို မှတ်မိကြဦးမယ်ထင်ပါတယ်… မင်းသားကြီး Johnny Depp , Antonio Banderas တို့အပြင် မင်းသမီးတွေဖြစ်တဲ့ Salma Hayek နဲ့ Eva Mendes တို့လို နာမည်ကျော်တွေနဲ့ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဒါရိုက်တာ Robert Rodriguez ရဲ့ Mexico Trilogy ထဲကနောက်ဆုံးဇာတ်ကားပါ။ သူ့ရှေ့က ရိုက်ကူးခဲ့တဲ့ El Mariachi (1992) နဲ့ Desperado (1995) ဆိုတဲ့ ဇာတ်ကားတွေကလဲ ဒါရိုက်တာ Robert Rodriguez ရဲ့ နာမည်ကျော်ဇာတ်ကားတွေပါ။ El Mariachi (1992) ဇာတ်ကားဆိုရင် Budget $7000 သာအကုန်အကျခံခဲ့ပြီး Box Office မှာ $2 million ထိရရှိခဲ့လို့ “ဘတ်ဂျက်မရှိရင် အောင်မြင်တဲ့အနုပညာကို မလုပ်ပြနိုင်ဘူး” ဆိုတဲ့ လူစားတွေကို လက်ညှိုးထိုး ဟားတိုက်ပြနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ (Mexico ...
6.4
IMDB: 6.4/10 149654 votes
movie
Once Upon a Time in Mexico (2003)
Blu-ray 1080p
Murder on the Orient Express (2017) 6.5
Murder on the Orient Express (2017) Unicode စာရေးဆရာမ အဂါသာ ခရစ္စတီးရဲ့ ၁၉၃၄ တုန်းက နာမည်ကျော်ဝတ္ထုကို အခြေခံပြီး ဒါရိုက်တာကဲနက်ဘရာနက် က ရိုက်ကူးထားတာပါ။ ၁၉၃၄ ဆောင်းရာသီကာလ မြင်ကွင်းနဲ့အတူ နာမည်ကျော် ဘယ်လ်ဂျီယံစုံထောက် ဟာဂျူလီပွိုင်ရော့တ်ဟာ ဂျေရုဆလင်က ခိုးမှုတစ်ခုကို ဖော်ထုတ်ပြီးနောက် ခရီးသွားပြီးအပန်းဖြေဖို့ စီစဉ်ခဲ့ပါတယ်။အဲဒါနဲ့ အစ္စတန်ဘူလ်ကို သွားခဲ့ပြီးOrient Express ရထားကုမ္ပဏီ ဒါရိုက်တာ သူ့မိတ်ဆွေဘော့နဲ့ တွေ့ဆုံခဲ့ပါတယ်။လန်ဒန်ကနေ သံကြိုးစာရတဲ့အတွက် ပွိုင်ရော့တ်တစ် ယောက်ဘော့စီစဉ်ပေးတဲ့ရထား ခရီးစဉ်နဲ့ အရေးပေါ်အိမ်ပြန်ဖို့ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပွိုင် ရော့တ်ကို ဆမ်မြူရယ်ရက်ချက် ဆိုတဲ့ အမေရိကန်သူဌေးတစ် ယောက်က သုံးရက်တာ ရထား ခရီးစဉ်အတွင်းမှာ သက်တော် စောင့်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။အမည်မသိပါတီတစ်ခုရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်စာပို့ခံရတဲ့ အတွက် ပွိုင်ရော့တ်ကိုငှားတာ ဖြစ်ပေမယ့် ပွိုင်ရော့တ်ကလက် မခံခဲ့ပါဘူး။နောက်တစ်နေ့ မနက်မှာ တော့ မစ္စတာဆမ်မြူရယ်ဟာ ဓားနဲ့အချက်ပေါင်းများစွာ အထိုး ခံရပြီး အသတ်ခံရတာကြောင့် ပွိုင်ရော့တ်ဟာဘော့နဲ့အတူ စုံစမ်းဖော်ထုတ်ဖို့လုပ်ခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေရာက သဲလွန်စတွေ၊ သက်သေတွေရဲ့ ...
6.5
IMDB: 6.5/10 171,753 votes
movie
Murder on the Orient Express (2017)
2017
Blu-ray 1080p
Motherless Brooklyn (2019) 6.8
Motherless Brooklyn (2019) Unicode ဒီကားလေးကတော့ Imbd 6.9 ရရှိထားပြီးဂျွန်နသန် ရဲ့ နာမည်ကျော်ဝတ္ထု ကိုအသက်သွင်းထားတာဖြစ်ပါတယ် ဇာတ်လမ်းကို ၁၉၅၀ ဝန်းကျင်ကာလနယူးယောက်မှာ နောက်ခံထားရိုက်ကူးထားပါတယ် အာရုံကြောဆိုင်ရာအားနည်းပြီးအဓိပ္ပါယ်မဲ့ စကားတွေကို ထိန်းမရပဲပြောတတ်တဲ့စုံထောက် လိုင်ရိုနယ်က တဖက်မှာလည်းထက်မြက်ပြီးဉာဏ်ကောင်းနေပြန်ပါတယ် တနေ့မှာ သူ့ရဲ့သူဌေးဖရန့်မီနာ ကမြို့တော်ဝန် မိုးစက်ရဲ့ ကိစ္စမှာဝင်ရှုပ်လို့ အသတ်ခံရပါတယ် အဲ့တာကိုမကျေနပ်ပြီးတော့လိုင်ရိုနယ်ကသတင်းထောက် အနေနဲ့ ဟန်ဆောင်ပြီးစုံစမ်းဖော်ထုတ်ချိန်မှာတော့ အဲ့မြို့ကိုထိန်းချုပ်ထားတဲ့အာဏာပိုင်တွေရဲ့ အရှုပ်တော်ပုံ တွေ့လိုက်ရတဲ့အခါမှာ အာဏာရူးတွေရဲ့ အကြောင်းကို ထဲထဲဝင်ဝင်သိရှိသွားပြီးတော့ လူမည်းတွေကိုခွဲခြား ဆက်ဆံတာတွေ လာဘ်စားမှုတွေ ပါဝါပြမှုတွေကိုပါ ရှာဖွေတွေ့ရှိသွားပြီး မြို့ရဲ့ အန္တရာယ် အရှိဆုံးသော သမိုင်းဝင်မဲ့အာဏာရှင်နဲ့ တည့်တည့်တိုးပါတော့တယ် ဂန္ထဝင်ဆုရ စုံထောက်ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုသင့်ပါကြောင်း ………. Credit Review   Zawgyi ဒီကားလေးကတော့ Imbd 6.9 ရရှိထားပြီးဂျွန်နသန် ရဲ့ နာမည်ကျော်ဝတ္ထု ကိုအသက်သွင်းထားတာဖြစ်ပါတယ် ဇာတ်လမ်းကို ၁၉၅၀ ဝန်းကျင်ကာလနယူးယောက်မှာ နောက်ခံထားရိုက်ကူးထားပါတယ် အာရုံကြောဆိုင်ရာအားနည်းပြီးအဓိပ္ပါယ်မဲ့ စကားတွေကို ထိန်းမရပဲပြောတတ်တဲ့စုံထောက် လိုင်ရိုနယ်က တဖက်မှာလည်းထက်မြက်ပြီးဉာဏ်ကောင်းနေပြန်ပါတယ် တနေ့မှာ သူ့ရဲ့သူဌေးဖရန့်မီနာ ကမြို့တော်ဝန် မိုးစက်ရဲ့ ကိစ္စမှာဝင်ရှုပ်လို့ အသတ်ခံရပါတယ် အဲ့တာကိုမကျေနပ်ပြီးတော့လိုင်ရိုနယ်ကသတင်းထောက် အနေနဲ့ ဟန်ဆောင်ပြီးစုံစမ်းဖော်ထုတ်ချိန်မှာတော့ အဲ့မြို့ကိုထိန်းချုပ်ထားတဲ့အာဏာပိုင်တွေရဲ့ အရှုပ်တော်ပုံ တွေ့လိုက်ရတဲ့အခါမှာ အာဏာရူးတွေရဲ့ အကြောင်းကို ထဲထဲဝင်ဝင်သိရှိသွားပြီးတော့ လူမည်းတွေကိုခွဲခြား ဆက်ဆံတာတွေ လာဘ်စားမှုတွေ ပါဝါပြမှုတွေကိုပါ ရှာဖွေတွေ့ရှိသွားပြီး မြို့ရဲ့ အန္တရာယ် အရှိဆုံးသော သမိုင်းဝင်မဲ့အာဏာရှင်နဲ့ တည့်တည့်တိုးပါတော့တယ် ဂန္ထဝင်ဆုရ စုံထောက်ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုသင့်ပါကြောင်း ………. Credit Review
6.8
IMDB: 6.8/10 23338 votes
movie
Blu-ray 1080p
John Carter (2012) 6.6
John Carter (2012) Unicode 2012 ခုနှစ်‌အတွက်‌ လူကြိုက်‌များခဲ့တဲ့ ရုပ်‌ရှင်‌‌တွေထဲမှာ walt disney ကဖြန်‌့ချည်‌ တဲ့ John Cater လည်‌းတကားအပါအဝင်‌ပါပဲ .. fliming budeget 250 million ‌တောင်‌ရှိခဲ့တဲ့ ဒီသိပ္ပံ စွန်‌့စားခန်‌း ရုပ်‌ရှင်‌ကားဟာ box office မှာ ဝင်‌‌ငွေနည်‌းခဲ့‌ပေမယ်‌့ ကမ္ဘာတစ်‌ဝန်‌းမှာ‌တော့‌အောင်‌မြင်‌မှုရရှိခဲ့တယ်‌ဗျ ... battle ship .. savages .. Lone surviver ဇတ်‌ကား‌တွေထဲက မင်‌းသား taylor kitsch က အဓိကဇတ်‌‌ကောင်‌ john carter ‌နေရာကပါဝင်‌သရုပ်‌‌ဆောင်‌ထားတဲ့ ဒီကားဟာ effect ‌ကောင်‌း‌တွေနဲ့ စွန်‌းစားခန်‌းကား‌တွေကိုကြိုက်‌တဲ့ ကျွန်‌‌တော်‌တို့လို ရုပ်‌ရှင်‌ကြိုက်‌သူ‌တွေရဲ့ Likes ‌တွေအများကြီးရခဲ့တယ်‌ ... ဇတ်‌လမ်‌းကို american cevil war captain John Cater ရဲ့ ရုတ်‌တရက်‌‌သေဆုံးမှုနဲ့ဖွင်‌့ထားတယ်‌ဗျ ... ဉီး‌လေးဖြစ်‌သူ‌သေဆုံးမှု‌ကြောင်‌့ ...
6.6
IMDB: 6.6/10 244,408 votes
movie
John Carter (2012)
2012
Blu-ray 1080p
Spider-Man 2 (2004) 7.3
Spider-Man 2 (2004) အရင်မင်းသားဇာတ်ကားပါ ကျွန်တော်ကတော့ အရင်မင်းသားနဲ့ဇာတ်လမ်းတွေကိုပိုသဘောကျမိပါတယ်..IMDb Rate လည်း 7.3 ရရှိထားပါတယ်..ဒီဇာတ်လမ်းမှာတော့ စမိုက်ဒါမန်းဟာ မပျော်မရွင်ဖြစ်နေရပါတယ်.သူချစ်ရတဲ့ကောင်မလေး မေရီဂျိန်းဝမ်ဆန်ကို စွန့်လွှတ်ပြီးတဲ့နောက်မှာတော့ သူ့ဘ၀ကို ရာဇ၀တ်မှုတွေကိုတိုက်ဖျက်နေရင်းနဲ့ဖြတ်သန်းနေရပါတယ်..မေရီဂျိန်းဟာလည်း သူငှေးတစ်ယောက်နဲ့စေ့စပ်ထားလိုက်ပါပြီ …သူ့သူငယ်ချင်းဟယ်ရီကလည်း သူ့အဖေကိုသတ်သွားတဲ့စပိုက်ဒါမန်းကို ပြန်သတ်ချင်လို့အသည်းအသန်စုံစမ်းနေပါ သလို မြို့ကိုပေးမယ့် အန္တရာယ်အသစ်လည်းတိုးလာပါတယ်..ဒါတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာဒေါင်းပြီးကြည့်ရှုနိုင်ပါပြီ Credit Review
7.3
IMDB: 7.3/10 504,872 votes
movie
Spider-Man 2 (2004)
2004
Blu-ray 1080p
Spider-Man (2002) 7.3
Spider-Man (2002) ဒီကားကတော့ Spider-Man ကိုသိတဲ့သူတွေရော မသိတဲ့ သူတွေကိုပါ ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့ တဲ့ ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ ပထမဆုံး Live Action Spider-Man ဇာတ်ကားက ပရိတ်သတ်ကို စိတ်ကြေနပ်မှုပေးနိုင်ခဲ့ပါတယ်။အထူးသဖြင့် လူငယ် ပရိတ်သတ်တွေနဲ့ Comic စာအုပ်ပရိတ်သတ်တွေ အားပေးမှုကိုရှိခဲ့ပါတယ်။ ဒီကားက သာမန်အထက်တန်းကျောင်းသား Peter Parker ဘ၀ကနေ ဆယ်ကျော်သက် စူပါဟီးရိုး ဖြစ်လာပုံနဲ့ ရရှိထားတဲ့ စွမ်းအားတွေကို အဓိပ္ပာယ်ရှိရှိ အသုံး ချဖို့ အတွက် တွန်းအားရလာပုံတွေကို အဓိက ရိုက်ကူးထားပါတယ်။Spider-Man ဖြစ်လာပုံကို အားလုံးသိပြီးသားဖြစ်ပါတယ်။ Oscorp ကုမ္ပဏီက Radioactive Spider အကိုက်ခံရပြီးနောက် စွမ်းအားတွေရလာတာဖြစ်ပါတယ်။ ဒီနေရာမှာ Spider-Man ရဲ့အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။ Spider-Man ကို Marvel က ကာတွန်းဆရာ Stan Lee ကစတင်မိတ်ဆက် ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ...
7.3
IMDB: 7.3/10 645,165 votes
movie
Spider-Man (2002)
2002
Blu-ray 1080p
John Wick (2014) 7.4
John Wick (2014) ဒီကားက တော့ ကျွန်တော် ပြောထားသလိုပဲ Keanu Reeves ရဲ့ တကြော့ပြန်ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ 1999 The Matrix ဇာတ်ကားနဲ့ ကမ္ဘာကျော်မင်းသားဖြစ်လာခဲ့တဲ့ Keanu ဒီဇာတ်ကားမှာ အကောင်းဆုံးကြိုးစားသရုပ်ဆောင်သွားနိုင်တာ တွေ့ရပါတယ်။မနှစ်က ထွက်တဲ့ 47 Ronin မှာထဲက ကောင်းပေမယ့် ဇာတ်လမ်က မကောင်းတာကြောင့် လူတွေသိပ်စိတ်မ၀င်စားခဲ့ပါဘူး။ ဒါပေမယ့် John Wick ကတော့ ပရိတ်သတ်အားပေးမှုရော၊ ရုပ်ရှင်ဝေဖန်သူတွေရဲ့ အားပေးမှုကိုပါ ရရှိခဲ့ပါတယ်။ဇာတ်လမ်းက တော့ John Wick ရဲ့ မိန်းမက ကင်ဆာရောဂါနဲ့ သေသွားခဲ့ ပြီးနောက်မှာ သူ့အတွက် ခွေးကလေး တစ်ကောင် ချန်ထားခဲ့ပါတယ်။ တစ်ယောက်တည်းအထီးကျန်မနေပဲ သူမကိုယ်စား ဒီခွေးလေးကို ဂရုစိုက်ပါ၊ ချစ်ပါလို့ စာရေးသွားခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာမထင်မှတ်ပဲ ရုရှားမာဖီးယား ဂိုဏ်းက လူငယ်သုံးဦးက John Wick ...
7.4
IMDB: 7.4/10 467,219 votes
movie
John Wick (2014)
2014
Blu-ray 1080p
Out of the Furnace (2013) 6.8
Out of the Furnace (2013) Russel(Christian Bale)က စတီးစက်ရုံတခူမှ အလုပ်ကြမ်းသမားတယောက်ဖြစ်ပါ တယ်။ သူ့ဟာ ကြာရှည်မခံတော့တဲ့ ရောဂါသည် အဖေကြီးနဲ့ လောင်းကစားလိုက်စားတဲ့သူ့ညီRodney Baze(Casey Affleck)တို့ကို ရိုးရိုးသားသားလုပ်ကျွေးနေတဲ့သူပဲဖြစ်ပါတယ်။ Russel က Rodney အပေါ်အနွံတာခံချစ်တဲ့၊Rodney ဘာလုပ်လုပ် နားလည်ပေးတဲ့ အကိုဖခင်တစ်ဦးပါ။သူ့ညီ ရဲ့ မြင်းကြွေးတွေကိုလည်း ဒိုင်ခံဆပ်ပေးနေရှာသူဖြစ်ပါတယ်။တနေ့ကျတော့ သူမောင်းတဲ့ကားက ယာဉ်တိုက်မှုဖြစ်ပြီး သူက မူးယစ်သောက်စားထားတယ်ဆိုပြီး ထောင်ကျသွားပါတယ်။ဒါသူ့ရဲ့ဘ၀အလှည့်အပြောင်းလို့ဆိုရမှာပါ။ထောင်ကျပြီး နောက်ပိုင်းသူအရာရာကိုဆုံးရှုံးလာခဲ့ရပါတယ်။ ထောင်ကလွတ်လာတဲ့အချိန်သူ့ရဲ့ နာတာရှည်ရောဂါသည် အဖေကြီးကလည်း မရှိရှာတော့ပါဘူး။နောက်ပြီး သူ့ရဲ့အရမ်းချစ်ရတဲ့ ချစ်သူကလည်း တခြားတယောက်နဲ့ သာယာတဲ့ဘ၀ကိုပိုင်ဆိုင်နေပါပြီ။ အခုတော့ သူ့မှာ သူ့ရဲ့ညီRodneyပဲကျန်ပါတော့တယ်။Rodneyက အီရတ်စစ်ပွဲကနေစစ်မှုထမ်းပြန်လာပြီး တရားမ၀င်Underground fight တွေနဲ့ ပိုက်ဆံရှာနေသူဖြစ်ပါတယ်။တနေ့Russel နဲ့Rodney. ၂ဦးသားစကားများရာကနေ Rodney တယောက်အရင်Fight လို့ရတဲ့ငွေထက်များစွာရမဲ့ နေရာကို သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနေရာကတော့ Degroat(woody Herralson) လို့ခေါ်တဲ့လူတစ်ယောက်ရဲ့နယ်မြေပါ။ ဒါပေမဲ့ အဲဒီနေရာကအပြန်မှာတော့ Rodney တယောက်Degroat လက်ချက်နဲ့အသက်ပျောက်ခဲ့ရပါတော့တယ်။ ...
6.8
IMDB: 6.8/10 98,154 votes
movie
Out of the Furnace (2013)
2013
Blu-ray 1080p
Aquaman (2018) 7.4
Aquaman (2018) Unicode ပင်လယ်ရေအောက်က ပြည်ထောင်စု Atlantis ရဲ့မင်းသမီး Atlanna ဟာမိဘတွေ စီစဉ်တဲ့ အိမ်ထောင်ဘက်ကို သဘောမကျတာကြောင့် လူ့ပြည်ကို ထွက်ပြေးလာခဲ့တယ် ။ အဲ့ဒီမှာ မီးပြတိုက်အစောင့် Thomas Curry နဲ့တွေ့ပြီးချစ်ကျွမ်းဝင်ခဲ့တယ် ။ သူတို့နှစ်ယောက်ဟာ Aquaman ဖြစ်လာမယ့် Arthur Curry ကို မွေးဖွားခဲ့တယ် ။ Arthur မှာ ရေသတ္တဝါတွေနဲ့ စိတ်ချင်းဆက်သွယ်နိုင်တဲ့ စွမ်းရည်ရှိတယ် ။တနေ့မှာတော့ Atlantis စစ်သည်တော်တွေ ရောက်လာပြီး Atlanna ကို အတင်းအကျပ် ပြန်ခေါ်သွားခဲ့တယ် ။ မပြန်ခင်မှာ Atlanna ဟာ သူ့လူယုံတော် Vulko ထံ သားဖြစ်သူ Arthur ကို အပ်နှံခဲ့ပြီး သူ့စွမ်းရည်တွေကို လေ့ကျင့်ပေးဖို့ အကူအညီ တောင်းခဲ့တယ် ။နှစ်ပေါင်းများစွာ ကြာတဲ့အခါ Atlanna ကွယ်လွန်အပြီး သူ့ရဲ့ဒုတိယ သားဖြစ်သူ Orm ဟာ Atlantis ရဲ့ဘုရင်ဖြစ်လာတယ် ...
7.4
IMDB: 7.4/10 169,327 votes
movie
Aquaman (2018)
2018
Blu-ray 1080p
Aquaman (2018) 7.4
7.4
IMDB: 7.4/10 169,327 votes
movie
Aquaman (2018)
2018
Web-dl 1080p
American Psycho (2000) 7.6
American Psycho (2000) အ​မေရိကန်​ ပြည်​​ထောင်​စု ၉ဝနှစ်​ဝန်းကျင်မှာ ကုမ္ပဏီ လူကြီးမင်း​တွေကြားက အချင်းချင်းပြိုင်​ဆိုင်​မှု​တွေ မနာလိုမှု​တွေ အဆင့်​အတန်းခွဲ ခြားမှု​တွေပြည့်​နှက်​​နေခဲ့တယ်​ ....ရယ်​​မောစကား​ပြော​နေ​ပေမယ့်​ အတွင်းစိတ်​က မုန်းတီး​နေကြတဲ့ ပတ်​ဝန်းကျင်​တစ်​ခု….. ဒီလိုအနေအထားမှာ ပက်​ထရစ်​ ဘိတ်​မန်း တစ်​​ယောက်​ သူကြည့်​မရတဲ့ လုပ်​​ဖော်​ကိုင်​ဘက်​ကို သတ်​ပစ်​ခဲ့တယ်​ ...သူ့လုပ်ရပ်တွေက အကုန်အဆန်းတွေကြီးပဲ…ဒီကားဟာ TOP IMDB ထဲမှာပါသလို ရုပ်ရှင်ဝေဖန်ရေးသမားတွေအသိအမှတ်ပြုဇာတ်ကားတစ်ကားဖြစ်တယ်….ဒီကားကိုကြည့်တဲ့သူတွေအဖို့ ဘိတ်မန်းရဲ့ စရိုက် အမူအကျင့်တွေ ပတ်ဝန်းကျင်ကို ဆက်ဆံပုံတွေ အသေးစိတ် မျက်ခြေမပြတ်လိုက်ရပါ့မယ်..….သူလုပ်ရပ်တွေဟာ အမှန်တကယ်ဖြစ်ခဲ့တာလား…စိတ်ကူးယဉ်သက်သက်လား….သူစီစဉ်ခဲ့တာတွေဟာဘာအတွက်လဲ…. ဘာကြောင့်လဲ…ဒီကားက အတော်ကို ခေါင်းစားပါတယ်...နောက်ပြီးအဖော်အချွတ်အခန်းတစ်ချို့ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..ဒီကားရဲ့ အဓိကသရုပ်ဆောင် Christian Bale ကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ် Review Credit - Channel Myanmar
7.6
IMDB: 7.6/10 423,649 votes
movie
American Psycho (2000)
2000
Blu-ray 1080p