အညွှန်းမရေးခင် ပါဝင်ထားတဲ့ သူတွေကို ပြောပြချင်တယ်။ဘာလို့ဆို ခင်ဗျားတို့ရဲ့အာဂျူးရှီး(ပေါင်းတာမှန်ရဲ့ လား)ပါနေလို့ပဲ။ ပူပူနွေးနွေး သိပ်မကြာခင်က ပီးသွားတဲ့  (အိမ်နီးနားချင်းချစ်သူ) ထဲက So Ji-su ပဲဖြစ်ပါတယ်။ မင်းသမီးကတော့ My Girlfriend Is a Nine-Tailed Fox နဲ့  လူသိများတဲ့  မင်းသမီး Shin Min-a ပဲဖြစ်ပါတယ်။ နောက်ထပ်ကတော့ Jung Gyu-woon နဲ့  Yoo In-young တို့ ကလဲ အားဖြည့်ပေးထားပါသေးတယ်။အပိုင်းအရေအတွက် (၁၆) ပိုင်း ပါဝင်ပါတယ်။
အထူးမှာကြားချက် – (ဒီဇာတ်လမ်းတွဲကို မကြည့်ခင် မိမိမှာရှိတဲ့  အသည်းတခြမ်း ၀၀ကစ်ကစ်လေးတွေကို တန်ဖိုးထားကြပါ။) ဇာတ်လမ်းလေးက……
– ကန်ဂျိုအွန်တစ်ယောက် ကျောင်းတုန်းကတော့ ကွင်းပေါ့ဗျာ (အမယ် ကျောင်းတုန်းကွင်းလေးကိုသတိတောင်ရမိတယ်)။ ဒီလိုနဲ့  ကျောင်းက အတန်းဖော်လေးနဲ့ အီစီကလီလုပ်ရင်းကြိုက်သွားကြလေရောပေါ့။ အယ် အလုပ်လဲဝင်ရော ဖက်တီးဖြစ်သွားပီး ဘဲဘဲလမ်းခွဲတဲ့ အထိဖြစ်သွားရော စိတ်ဓာတ်ကျနေတဲ့ အချိန် သူဌေးသား trainer လေး ကင်ယောင်ဟို နဲ့ ဆုံမိတဲ့ အခါ…..
ဘယ်လိုဆုံမိလဲ ဖက်တီးမလေးကန်ဂျိုအွန်တယောက် ကျောင်းတုန်းကလိုပြန်ဖြစ်မှာလား ကင်ယောင်ဟိုဘ၀ဇာတ်လမ်းလေးကရော ဘယ်လိုရှိလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်လိုက်ပါနော်……..\
Credit Review