မိုးသည်းတဲ့ညတစ်ညမှာ ပါရဂူတစ်ယောက်ရဲ့အိမ်ကို လုပ်ကြံရေးသမားတစ်ယောက်ဝင်လာတယ်…
ဒီလူက ပါရဂူဆီကနေ ထူးဆန်းတဲ့စာအုပ်တစ်အုပ်ယူပြီး ပါရဂူကိုသတ်ပစ်လိုက်တယ်….
အားလုံးလက်စသတ်မယ့်အချိန်မှာ နောက်ထပ်တိုက်ခိုက်ရေးအတွက်အထူးကျွမ်းကျင်တဲ့လင်မယား(၂)ဉီးရောက်
လာပြီးလုပ်ကြံရေးသမားကို သတ်ပြီး စာအုပ်ကိုဆက်လုသွားတယ်…ဒီစာအုပ်ကိုဖတ်ပြီးတော့
ကိုယ်ဝန်ရှိခါစ ဇနီးဖြစ်သူဟာ သူတို့လင်မယားအတွက်အနာဂတ်စိတ်ကူးအချို့ကို ပြောင်းလဲလိုက်ဖို့ကြံလိုက်ပုံပါပဲ..
ကိုယ်ဝန်ဖျက်ချစေချင်တဲ့ ယောင်္ကျားကိုထားခဲ့ပြီး လုလာတဲ့ စာအုပ်ကို ယူခါ တစ်ယောက်ထဲ တိတ်တဆိတ်ကလေးကို
မွေးဖွားခဲ့တယ်…အဲ့ဒီနောက်တော့ ထူးဆန်းတဲ့ဖြစ်ရပ်ပေါင်းများစွာဆက်ဖြစ်တော့တာပါပဲ…
ဒီစီးရီးက မင်းသား Joo Woonနဲ့ မင်းသမီးချော Kim Hee Sunတို့အဓိကပါဝင်သရုပ်ဆောင်ထားတယ်…
အချိန်ခရီးသွားတွေ..အက်ရှင်ခန်းတွေနဲ့ သရုပ်ဆောင်တွေရဲ့ စရိုက်ဆန်းဆန်းတွေနဲ့
စီးရီးရဲ့ဇာတ်အိမ်ကို ခပ်မိုက်မိုက်ဖွဲ့စည်းထားတယ်…
တော်တော်စိတ်ဝင်စားစရာကောင်းတဲ့အပြင် သိပ္ပံခေတ်လွန်ဖြစ်ရပ်ဆန်းတွေမို့
ဇာတ်လမ်းတွဲခပ်မိုက်မိုက်ကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်းတိုက်တွန်းပါရစေ…
Credit Review
မိုးသည္းတဲ့ညတစ္ညမွာ ပါရဂူတစ္ေယာက္ရဲ႕အိမ္ကို လုပ္ႀကံေရးသမားတစ္ေယာက္ဝင္လာတယ္…
ဒီလူက ပါရဂူဆီကေန ထူးဆန္းတဲ့စာအုပ္တစ္အုပ္ယူၿပီး ပါရဂူကိုသတ္ပစ္လိုက္တယ္….
အားလုံးလက္စသတ္မယ့္အခ်ိန္မွာ ေနာက္ထပ္တိုက္ခိုက္ေရးအတြက္အထူးကြၽမ္းက်င္တဲ့လင္မယား(၂)ဉီးေရာက္
လာၿပီးလုပ္ႀကံေရးသမားကို သတ္ၿပီး စာအုပ္ကိုဆက္လုသြားတယ္…ဒီစာအုပ္ကိုဖတ္ၿပီးေတာ့
ကိုယ္ဝန္ရွိခါစ ဇနီးျဖစ္သူဟာ သူတို႔လင္မယားအတြက္အနာဂတ္စိတ္ကူးအခ်ိဳ႕ကို ေျပာင္းလဲလိုက္ဖို႔ႀကံလိုက္ပုံပါပဲ..
ကိုယ္ဝန္ဖ်က္ခ်ေစခ်င္တဲ့ ေယာက်ၤားကိုထားခဲ့ၿပီး လုလာတဲ့ စာအုပ္ကို ယူခါ တစ္ေယာက္ထဲ တိတ္တဆိတ္ကေလးကို
ေမြးဖြားခဲ့တယ္…အဲ့ဒီေနာက္ေတာ့ ထူးဆန္းတဲ့ျဖစ္ရပ္ေပါင္းမ်ားစြာဆက္ျဖစ္ေတာ့တာပါပဲ…
ဒီစီးရီးက မင္းသား Joo Woonနဲ႔ မင္းသမီးေခ်ာ Kim Hee Sunတို႔အဓိကပါဝင္သ႐ုပ္ေဆာင္ထားတယ္…
အခ်ိန္ခရီးသြားေတြ..အက္ရွင္ခန္းေတြနဲ႔ သ႐ုပ္ေဆာင္ေတြရဲ႕ စ႐ိုက္ဆန္းဆန္းေတြနဲ႔
စီးရီးရဲ႕ဇာတ္အိမ္ကို ခပ္မိုက္မိုက္ဖြဲ႕စည္းထားတယ္…
ေတာ္ေတာ္စိတ္ဝင္စားစရာေကာင္းတဲ့အျပင္ သိပၸံေခတ္လြန္ျဖစ္ရပ္ဆန္းေတြမို႔
ဇာတ္လမ္းတြဲခပ္မိုက္မိုက္ႀကိဳက္သူတို႔လက္မလႊတ္သင့္ပါေၾကာင္းတိုက္တြန္းပါရေစ…
Credit Review