Chernobyl disaster ကိုကြားဖူးကြမှပါ။ 1986 ခုနစ် Soviet Ukraine က Chernobyl မှာဖြစ်ခဲ့တဲ့ အနုမြူဓာတ်ပေါင်းဖို မတော်တဆမှုကြီးပေါ့။ ညဘက်ကြီးစမ်းသပ်တဲ့ safety test အမှားအယွင်းတစ်ခုကြောင့် V. I. Lenin Nuclear Power Plant ရဲ့ Reactor 4 ထပေါက်ပါတယ်။ ချက်ချင်းဆိုသလို အရေးပေါ်အစည်းအဝေးတွေလုပ်၊ ဆွေးနွေးအဖြေရှာကြတယ်။ မီးသတ်သမားတွေ ချက်ချင်း စက်ရုံကိုလာပြီး မီးငြိမ်းကြတယ်။ ဒါပေမဲ့ စက်ရုံကတာဝန်ရှိသူတွေကတော့ ဒါဟာ မတော်တဆ အသေးအမွှားတစ်ခုဖြစ်တာလို့ မှတ်ယူပြီး သိပ်ပြီး အရေးတယူမလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ နာရီတွေကြာလာတာနဲ့အမျှ စက်ရုံဝန်းကျင်က ကယ်ဆယ်ရေးဝန်ထမ်းတွေ နေမကောင်းဖြစ်လာတယ်။ ဘာတုံးကြီးလဲမသိဘူးဆိုပြီး မီးခိုးရောင်အတုံးတစ်တုံးကို ခနကိုင်ကြည့်ခဲ့တဲ့ မီးသတ်သမားဆို လက်က အသားတွေပဲ့ကျလာတယ်။ တခြားမြို့တွေက ပညာရှင်တွေ ခေါ်ပြီး ရောက်လာပြီး စစ်ဆေးရင်းနဲ့ ထွက်လာတဲ့အဖြေကတော့ ဒါဟာ လူသန်းပေါင်းများစွာရဲ့အသက်ကို ခြိမ်းခြောက်နေတဲ့ ကမ္ဘာ့အကြီးမားဆုံး nuclear disaster တစ်ခုလို့ သိလာကြပါတယ်။ ဒီလိုပြဿနာမျိုး ကမ္ဘာမှာတစ်ခါမှ ဘယ်သူမှ မဖြစ်ဘူး မကြုံဖူးတဲ့အတွက် တိကျတဲ့ဖြေရှင်းချက်တွေ နည်းလမ်းတွေလည်း မရှိသေးပါဘူး။ အချိန်ကလည်း သိပ်မရှိတော့ပါဘူး။ နာရီပိုင်းအတွင်း သေချာမရှင်းနိုင်ရင် Chernobyl သာမက Europe တစ်ခုလုံးကိုပါ ဒုက္ခရောက်တော့မဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။ ဒီကြားထဲမှာလည်း Communist တွေဖြစ်တဲ့အတွက် party အပေါ်အောက် ဖိအားတွေ၊ အမြဲတမ်းလိုလို လိုက်ထောက်လှမ်း နောက်ယောင်ခံလိုက်နေတဲ့ KGB တွေကြားထဲမှာ တိုင်ပတ်ကြသေးတာပေါ့။
Chernobyl Mini series ဟာဖြစ်ရပ်မှန်ပြန်ရိုက်ထားတယ်ဆိုပေမဲ့ documentary မဟုတ်ပါဘူး။ Historical drama ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွဲဆိုတော့ အနည်းနဲ့အများ dramatization တွေပါရင်လည်း ပါမှာပါ။ ဒါပေမဲ့ သေချာတာကတော့ တစ်စက်မှ ပျင်းဖို့မကောင်းခဲ့ဘူး။ ဇာတ်လမ်းစကတည်းက ဇာတ်ရှိန်ကလည်း တက်လာတယ်၊ ပြဿနာကလည်း ပိုကြီးလာတယ်။ ကြည့်နေတဲ့ ကိုယ်တွေပါ ရောပြီး မွမ်းကြပ်လာတယ်။ အစက စာထဲမှာ ခနခနဖတ်ထား သိထားတဲ့ ဒီ Chernobyl ဆိုတာ ထင်ထားတာထက် အဆပေါင်းများစွာ ပိုကြောက်လာမိတာ အမှန်ပါပဲ။
ဒီလို အနုမြူ ရဲ့ကြောက်ဖို့ကောင်းတဲ့ သဘာဝကိုလည်း မြင်ရမှာဖြစ်သလိုပဲ ဒီ disaster မှာ ရဲရဲဝံ့ဝံ့ ပါဝင်ခဲ့ကြတဲ့ ကယ်ဆယ်ရေးလုပ်သားတွေ၊ အလုပ်သမားတွေ၊ ဝန်ထမ်းတွေကိုလည်း မြင်ရမှာပါ။ ရုပ်ရှင်ကားတစ်ကားအနေနဲ့ပြောရမယ်ဆိုရင် သူတို့တွေအတွက် mission က “save the world” ဆိုပြီး ဖြစ်နေမှာပါ။ ဥပမာ ရေတွေဖေါက်ချဖို့အတွက် လူ ၃ ယောက်လိုပါတယ်။ စစ်သားတွေသွား ဆိုပြီးလည်း လွှတ်လို့မရဘူး။ စက်ရုံကဝန်ထမ်းတွေ မှ သိမှာ။ သွားပြီး ပြန်လာရင် အဲ ၃ ယောက်လည်း အသေဆိုးနဲ့ သေဖို့များတယ်။ သူတို့မှ မသွားရင်လည်း နာရီပိုင်းအတွင်း ဓာတ်ပေါင်းဖို ထပ်ပေါက်ပြီး လူသန်းပေါင်းများစွာ ထိခိုက်ဦးမယ် ဆိုတာမျိုးပေါ့။ ပြဿနာဖြေရှင်းတဲ့နေရာမှာလည်း စောစောကပြောခဲ့သလို ဒီလိုဟာမျိုးက တစ်ခါမှမဖြစ်ဖူးပါဘူး။ ဘာကြောင့်ထပေါက်သလဲဆိုတာ ဘယ်လိုအဖြေရှာရှာ ရှာလို့မရဘူး။ ပေါက်ကွဲမှု ထပ်ဖြစ်မှာစိုးလို့ ရှင်းရင်း နောက်တစ်ခုပေါ်လာ၊ နောက်တစ်ခုထပ်ရှင်းရင်း နောက်တစ်ခုပေါ်လာနဲ့ တလျှောက်လုံးက suspense အပြည့်ပါပဲ။ မတော်တဆမှု ဖြစ်ဖြစ်ချင်းမှာ နောက်ဆက်တွဲ ပြဿနာတွေ မပေါ်လာအောင် အချိန်လုရှင်းပြီးတော့လည်း ပြဿနာက မပြီးသေးပါဘူး။ ဒီများပြားလှတဲ့ ရေဒီယိုသတ္တကြွ အမှုန်တွေကြောင့် စက်ရုံတစ်ဝိုက်နဲ့ ဘေးပတ်ဝန်းကျင် တောတောင်ရေမြေတွေ ထိခိုက်သွားတာကိုလည်း ရှင်းရပါဦးမယ်။
သရုပ်ဆောင်တော်တော်များများပါပေမဲ့ အဓိကဇာတ်ကောင် ၂ ယောက်ကို သရုပ်ဆောင်တဲ့ Jared Harris နဲ့ Stellen Skarsgard တို့ကလည်း လန်ထွက်။ Sound effect ကလည်း Pressure ပိုပေးတယ်။ Radiation ထိနေသလိုမျိုးတွေဆို dosimeter က ကလစ်ကလစ် ကလစ်ကလစ်နဲ့ အသံတွေထွက်လာတာမျိုးနဲ့ ရှယ်ကို support ပေးထားပါတယ်။ ရိုက်ချက်တွေ၊ mood and tone၊ production quality အကုန်လုံး လန်ထွက်နေတာပါ။
လက်ရှိအချိန်မှာ IMDB 9.7 ရထားပြီး IMDB ရဲ့ highest rated show ဖြစ်နေပါတယ်။
Trailer ကိုအောက်က link မှာ ကြည့်နိုင်ပါတယ်။
Chernobyl disaster ကိုၾကားဖူးၾကမွပါ။ 1986 ခုနစ္ Soviet Ukraine က Chernobyl မွာျဖစ္ခဲ့တဲ့ အႏုျမဴဓာတ္ေပါင္းဖို မေတာ္တဆမႈႀကီးေပါ့။ ညဘက္ႀကီးစမ္းသပ္တဲ့ safety test အမွားအယြင္းတစ္ခုေၾကာင့္ V. I. Lenin Nuclear Power Plant ရဲ႕ Reactor 4 ထေပါက္ပါတယ္။ ခ်က္ခ်င္းဆိုသလို အေရးေပၚအစည္းအေဝးေတြလုပ္၊ ေဆြးေႏြးအေျဖရွာၾကတယ္။ မီးသတ္သမားေတြ ခ်က္ခ်င္း စက္႐ုံကိုလာၿပီး မီးၿငိမ္းၾကတယ္။ ဒါေပမဲ့ စက္႐ုံကတာဝန္ရွိသူေတြကေတာ့ ဒါဟာ မေတာ္တဆ အေသးအမႊားတစ္ခုျဖစ္တာလို႔ မွတ္ယူၿပီး သိပ္ၿပီး အေရးတယူမလုပ္ခဲ့ပါဘူး။ ဒါေပမဲ့ နာရီေတြၾကာလာတာနဲ႔အမွ် စက္႐ုံဝန္းက်င္က ကယ္ဆယ္ေရးဝန္ထမ္းေတြ ေနမေကာင္းျဖစ္လာတယ္။ ဘာတုံးႀကီးလဲမသိဘူးဆိုၿပီး မီးခိုးေရာင္အတုံးတစ္တုံးကို ခနကိုင္ၾကည့္ခဲ့တဲ့ မီးသတ္သမားဆို လက္က အသားေတြပဲ့က်လာတယ္။ တျခားၿမိဳ႕ေတြက ပညာရွင္ေတြ ေခၚၿပီး ေရာက္လာၿပီး စစ္ေဆးရင္းနဲ႔ ထြက္လာတဲ့အေျဖကေတာ့ ဒါဟာ လူသန္းေပါင္းမ်ားစြာရဲ႕အသက္ကို ၿခိမ္းေျခာက္ေနတဲ့ ကမာၻ႔အႀကီးမားဆုံး nuclear disaster တစ္ခုလို႔ သိလာၾကပါတယ္။ ဒီလိုျပႆနာမ်ိဳး ကမာၻမွာတစ္ခါမွ ဘယ္သူမွ မျဖစ္ဘူး မႀကဳံဖူးတဲ့အတြက္ တိက်တဲ့ေျဖရွင္းခ်က္ေတြ နည္းလမ္းေတြလည္း မရွိေသးပါဘူး။ အခ်ိန္ကလည္း သိပ္မရွိေတာ့ပါဘူး။ နာရီပိုင္းအတြင္း ေသခ်ာမရွင္းႏိုင္ရင္ Chernobyl သာမက Europe တစ္ခုလုံးကိုပါ ဒုကၡေရာက္ေတာ့မဲ့ အေျခအေနျဖစ္လာခဲ့ပါတယ္။ ဒီၾကားထဲမွာလည္း Communist ေတြျဖစ္တဲ့အတြက္ party အေပၚေအာက္ ဖိအားေတြ၊ အၿမဲတမ္းလိုလို လိုက္ေထာက္လွမ္း ေနာက္ေယာင္ခံလိုက္ေနတဲ့ KGB ေတြၾကားထဲမွာ တိုင္ပတ္ၾကေသးတာေပါ့။
Chernobyl Mini series ဟာျဖစ္ရပ္မွန္ျပန္႐ိုက္ထားတယ္ဆိုေပမဲ့ documentary မဟုတ္ပါဘူး။ Historical drama ျဖစ္ပါတယ္။ ႐ုပ္ရွင္ဇာတ္လမ္းတြဲဆိုေတာ့ အနည္းနဲ႔အမ်ား dramatization ေတြပါရင္လည္း ပါမွာပါ။ ဒါေပမဲ့ ေသခ်ာတာကေတာ့ တစ္စက္မွ ပ်င္းဖို႔မေကာင္းခဲ့ဘူး။ ဇာတ္လမ္းစကတည္းက ဇာတ္ရွိန္ကလည္း တက္လာတယ္၊ ျပႆနာကလည္း ပိုႀကီးလာတယ္။ ၾကည့္ေနတဲ့ ကိုယ္ေတြပါ ေရာၿပီး မြမ္းၾကပ္လာတယ္။ အစက စာထဲမွာ ခနခနဖတ္ထား သိထားတဲ့ ဒီ Chernobyl ဆိုတာ ထင္ထားတာထက္ အဆေပါင္းမ်ားစြာ ပိုေၾကာက္လာမိတာ အမွန္ပါပဲ။
ဒီလို အႏုျမဴ ရဲ႕ေၾကာက္ဖို႔ေကာင္းတဲ့ သဘာဝကိုလည္း ျမင္ရမွာျဖစ္သလိုပဲ ဒီ disaster မွာ ရဲရဲဝံ့ဝံ့ ပါဝင္ခဲ့ၾကတဲ့ ကယ္ဆယ္ေရးလုပ္သားေတြ၊ အလုပ္သမားေတြ၊ ဝန္ထမ္းေတြကိုလည္း ျမင္ရမွာပါ။ ႐ုပ္ရွင္ကားတစ္ကားအေနနဲ႔ေျပာရမယ္ဆိုရင္ သူတို႔ေတြအတြက္ mission က “save the world” ဆိုၿပီး ျဖစ္ေနမွာပါ။ ဥပမာ ေရေတြေဖါက္ခ်ဖို႔အတြက္ လူ ၃ ေယာက္လိုပါတယ္။ စစ္သားေတြသြား ဆိုၿပီးလည္း လႊတ္လို႔မရဘူး။ စက္႐ုံကဝန္ထမ္းေတြ မွ သိမွာ။ သြားၿပီး ျပန္လာရင္ အဲ ၃ ေယာက္လည္း အေသဆိုးနဲ႔ ေသဖို႔မ်ားတယ္။ သူတို႔မွ မသြားရင္လည္း နာရီပိုင္းအတြင္း ဓာတ္ေပါင္းဖို ထပ္ေပါက္ၿပီး လူသန္းေပါင္းမ်ားစြာ ထိခိုက္ဦးမယ္ ဆိုတာမ်ိဳးေပါ့။ ျပႆနာေျဖရွင္းတဲ့ေနရာမွာလည္း ေစာေစာကေျပာခဲ့သလို ဒီလိုဟာမ်ိဳးက တစ္ခါမွမျဖစ္ဖူးပါဘူး။ ဘာေၾကာင့္ထေပါက္သလဲဆိုတာ ဘယ္လိုအေျဖရွာရွာ ရွာလို႔မရဘူး။ ေပါက္ကြဲမႈ ထပ္ျဖစ္မွာစိုးလို႔ ရွင္းရင္း ေနာက္တစ္ခုေပၚလာ၊ ေနာက္တစ္ခုထပ္ရွင္းရင္း ေနာက္တစ္ခုေပၚလာနဲ႔ တေလွ်ာက္လုံးက suspense အျပည့္ပါပဲ။ မေတာ္တဆမႈ ျဖစ္ျဖစ္ခ်င္းမွာ ေနာက္ဆက္တြဲ ျပႆနာေတြ မေပၚလာေအာင္ အခ်ိန္လုရွင္းၿပီးေတာ့လည္း ျပႆနာက မၿပီးေသးပါဘူး။ ဒီမ်ားျပားလွတဲ့ ေရဒီယိုသတၱႂကြ အမႈန္ေတြေၾကာင့္ စက္႐ုံတစ္ဝိုက္နဲ႔ ေဘးပတ္ဝန္းက်င္ ေတာေတာင္ေရေျမေတြ ထိခိုက္သြားတာကိုလည္း ရွင္းရပါဦးမယ္။
သ႐ုပ္ေဆာင္ေတာ္ေတာ္မ်ားမ်ားပါေပမဲ့ အဓိကဇာတ္ေကာင္ ၂ ေယာက္ကို သ႐ုပ္ေဆာင္တဲ့ Jared Harris နဲ႔ Stellen Skarsgard တို႔ကလည္း လန္ထြက္။ Sound effect ကလည္း Pressure ပိုေပးတယ္။ Radiation ထိေနသလိုမ်ိဳးေတြဆို dosimeter က ကလစ္ကလစ္ ကလစ္ကလစ္နဲ႔ အသံေတြထြက္လာတာမ်ိဳးနဲ႔ ရွယ္ကို support ေပးထားပါတယ္။ ႐ိုက္ခ်က္ေတြ၊ mood and tone၊ production quality အကုန္လုံး လန္ထြက္ေနတာပါ။
လက္ရွိအခ်ိန္မွာ IMDB 9.7 ရထားၿပီး IMDB ရဲ႕ highest rated show ျဖစ္ေနပါတယ္။
Trailer ကိုေအာက္က link မွာ ၾကည့္ႏိုင္ပါတယ္။