ဒီတစ်ခါကတော့ ဆရာဝန် Drama ကားလေးဖြစ်တဲ့ “Doctor John” ဆိုတဲ့ကားပဲဖြစ်ပါတယ်။ ဒီကားရဲ့ cast တွေကအားလုံံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ “Kill Me Heal Me, Defendant, Familier Wife” တို့ထဲက “Ji Sung” နဲ့ ဘူဂျာလေး “Lee Se Young” တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
ဒီကားရဲ့ Director ကတော့ Thirty but seventeen, Pinocchico, I can hear your voice ကိုရိုက်ကူးခဲ့တဲ့သူပဲဖြစ်ပါတယ်။
ဇာတ်လမ်းကိုပုံစံကတော့…….
Cha Yo Han (Ji Sung) ကမေ့ဆေးဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ သူက မာနကြီးတယ် အထက်စီးဆန်တယ် ဒါပေမဲ့ သူအလုပ်လုပ်တဲ့နေရာမှာတော့လုံးဝတော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူအလုပ်နယ်ပယ်မှာ Genius ဖြစ်တာမိုလို့ “Ten Seconds” ဆိုပြီး ခေါ်ကြပါတယ်တဲ့! သူကကိစ္စတစ်ခုကြောင့် ထောင်ကျနေပြီး သူရဲ့ထောင်က တာဝန်ကျဆရာဝန်တွေကိုလည်း အမျိုးမျိုးရစ်လို့ ဘယ်သူမှ ကြာကြာမနေနိုင်ဘဲ ထွက်ပြေးကြပါတယ်။
Kang Shi Young (Lee Se Young)က ဘွဲ့လွန်ဒုတိယနှစ် မေ့ဆေးအထူးကုတတ်နေတာဖြစ်ပြီး တစ်နေ့မှာ သူကြောင့်လူနာတစ်ယောက်အသက်ကို ဆုံးရူံးခဲ့ရလို့ ဆေးလောကထဲက အနားယူပြီး အဖြစ်အပျက်ဆိုးကြီးကို မေ့ပျောက်ချင်နေသူဖြစ်ပါတယ်။
Shi Youngရဲ့ဦးလေး ထောင်မှူးကြီးက ထောင်မှာ တာဝန်ကျဆရာဝန်မရှိလို့ Shi Youngကို အချိန်ပိုင်းလုပ်ပေးဖို့ ခေါ်ရင် ထောင်ကျနေတဲ့ဘုကလန့်ဆရာဝန်Yo Hanနဲ့ တွေ့ချိန်မှာတော့ ……
Credit Review
Credit Review