ဒီ Season (1) မှာတော့ Batman ရဲ့ အဓိက ဗီလိန်တွေဖြစ်တဲ့
ပင်ဂွင်းတို့ The Riddler တို့ ဘယ်လို ဖြစ်လာတယ်ဆိုတာတွေ ဖော်ပြထားပါတယ်။ ပင်ဂွင်းကတော့
ဒီ ဆီဆန်မှာ ကျနော် အကြိုက်ဆုံး ကာရိုက်တာပါပဲ လိုချင်တာကို မဖြစ်ဖြစ်အောင်ယူတက်တာတွေက
တော်တော်ကို သရုပ်ဆောင်ပီပြင်ခဲ့ပါတယ်။ Riddler ကတော့ GCPD က သက်သေအထောက်အထားတွေကို
စစ်ဆေးရတဲ့ ဝန်ထမ်းတစ်ယောက် အဖြစ်တွေ့ရမှာပါ။ဉာဏ်ကောင်းလွန်းပြီး ပဟေဠိတွေကို ကောင်းကောင်း
ဖော်ထုတ်နိုင်တဲ့သူတစ်ယောက်ပါ နောက်ပိုင်းမှ ဆိုက်ကိုဖောက်သွားပြီး ဗီလိန်အဖြစ်ကိုရောက်သွားရတာပါ။
Season (1) မှာတော့ Falconeဂိုဏ်းနဲ့Maroniဂိုဏ်း၂ခုရဲ့အရှုပ်တော်ပုံတွေကိုအဓိကထားရိုက်ကူးထားပါတယ်။
ဒီအရှုပ်တော်ပုံတွေရဲ့ကြားထဲမှာ ကျွန်တော်တို့ရဲ့အချစ်တော်ကြီး ဂေါ်ဒွန် နဲ့ ဘူးလော့တို့ကို အတွဲညီညီနဲ့
ရာဇဝတ်မှု့တွေကိုတိုက်ဖျက်နေတာကိုမြင်ရမှာပါ။ ဒီဆီစန် ထဲမှာ ဂေါ်ဒွန်ကိုတော့ စိတ်အားတက်ကြွ ထက်သန်တဲ့
ဖျတ်လတ်တဲ့သူတစ်ယောက်အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ အချုပ်အနေနဲ့ ပြောရရင်တော့ ဒီ Seasom (1) မှာ
စူပါဟီးရိုး ရုပ်သံဇာတ်လမ်းတွဲရယ်လို့မဟုတ်ပဲ ဂိုဏ်းဂဏတွေရဲ့ အားပြိုင်မှု့တွေ ထူးခြားတဲ့ ရာဇဝတ်မှု့တွေ
နဲ့ အတူ ဂျင်မ်ဂေါ်ဒွန်တို့ ဘယ်လို ဖြေရှင်းမလဲ ဘယ်လို အားပြိုင်မလဲဆိုတာကို ဟန်ချက်ညီညီနဲ့ တင်ဆက်
ထားတာပဲဖြစ်ပါတယ်။ Rating တွေကတော့ IMDb 7.9 နဲ့ Rotten Tomatoes 84% တို့ရရှိထားပါတယ်ဗျာ။
Credit Review
ဒီ Season (1) မွာေတာ့ Batman ရဲ႕ အဓိက ဗီလိန္ေတြျဖစ္တဲ့
ပင္ဂြင္းတို႔ The Riddler တို႔ ဘယ္လို ျဖစ္လာတယ္ဆိုတာေတြ ေဖာ္ျပထားပါတယ္။ ပင္ဂြင္းကေတာ့
ဒီ ဆီဆန္မွာ က်ေနာ္ အႀကိဳက္ဆုံး ကာ႐ိုက္တာပါပဲ လိုခ်င္တာကို မျဖစ္ျဖစ္ေအာင္ယူတက္တာေတြက
ေတာ္ေတာ္ကို သ႐ုပ္ေဆာင္ပီျပင္ခဲ့ပါတယ္။ Riddler ကေတာ့ GCPD က သက္ေသအေထာက္အထားေတြကို
စစ္ေဆးရတဲ့ ဝန္ထမ္းတစ္ေယာက္ အျဖစ္ေတြ႕ရမွာပါ။ဉာဏ္ေကာင္းလြန္းၿပီး ပေဟဠိေတြကို ေကာင္းေကာင္း
ေဖာ္ထုတ္ႏိုင္တဲ့သူတစ္ေယာက္ပါ ေနာက္ပိုင္းမွ ဆိုက္ကိုေဖာက္သြားၿပီး ဗီလိန္အျဖစ္ကိုေရာက္သြားရတာပါ။
Season (1) မွာေတာ့ Falconeဂိုဏ္းနဲ႔Maroniဂိုဏ္း၂ခုရဲ႕အရႈပ္ေတာ္ပုံေတြကိုအဓိကထား႐ိုက္ကူးထားပါတယ္။
ဒီအရႈပ္ေတာ္ပုံေတြရဲ႕ၾကားထဲမွာ ကြၽန္ေတာ္တို႔ရဲ႕အခ်စ္ေတာ္ႀကီး ေဂၚဒြန္ နဲ႔ ဘူးေလာ့တို႔ကို အတြဲညီညီနဲ႔
ရာဇဝတ္မႈ႕ေတြကိုတိုက္ဖ်က္ေနတာကိုျမင္ရမွာပါ။ ဒီဆီစန္ ထဲမွာ ေဂၚဒြန္ကိုေတာ့ စိတ္အားတက္ႂကြ ထက္သန္တဲ့
ဖ်တ္လတ္တဲ့သူတစ္ေယာက္အေနနဲ႔ ေတြ႕ရမွာျဖစ္ပါတယ္။ အခ်ဳပ္အေနနဲ႔ ေျပာရရင္ေတာ့ ဒီ Seasom (1) မွာ
စူပါဟီး႐ိုး ႐ုပ္သံဇာတ္လမ္းတြဲရယ္လို႔မဟုတ္ပဲ ဂိုဏ္းဂဏေတြရဲ႕ အားၿပိဳင္မႈ႕ေတြ ထူးျခားတဲ့ ရာဇဝတ္မႈ႕ေတြ
နဲ႔ အတူ ဂ်င္မ္ေဂၚဒြန္တို႔ ဘယ္လို ေျဖရွင္းမလဲ ဘယ္လို အားၿပိဳင္မလဲဆိုတာကို ဟန္ခ်က္ညီညီနဲ႔ တင္ဆက္
ထားတာပဲျဖစ္ပါတယ္။ Rating ေတြကေတာ့ IMDb 7.9 နဲ႔ Rotten Tomatoes 84% တို႔ရရွိထားပါတယ္ဗ်ာ။
Credit Review