Crimeဆန်ဆန်၊ Thrillerဆန်ဆန် ကြိုက်တဲ့လူတွေအတွက် ” Mindhunter” ဆိုတဲ့ Tv series လေးနဲ့ မိတ်ဆက်ပေးပါ့မယ်။
2017 Oct 13မှာ season 1ကို အပိုင်း10ပိုင်းနဲ့ Netflix မှာ စတင်ပြသခဲ့ပြီးတော့ အပိုင်း9ပိုင်းနဲ့ season 2ထိ နောက်ဆုံးထွက်ရှိထားတာ ဖြစ်ပါတယ်။ စုံထောက် mystery thriller ကားတွေနဲ့ ကျွမ်းတဲ့ David Fincher ဝင်ရိုက်ထားတဲ့အတွက် တစ်တွဲလုံးက Fincher ရဲ့ အငွေ့အသက်တွေ တော်တော်များများတွေ့ရမှာပါ။
ဒီစီးရီးကို murder/mystery အမျိုးအစားထဲလည်း ကပ်သပ်ထည့်လို့ရပေမဲ့ သူ့ရဲ့ genre က procedural ပါ။ အဓိပ္ပါယ်က လူသတ်သမားဘယ်သူလဲ လိုက်ရှာတာမျိုးထက် သိပြီးသားတရားခံတစ်ယောက်ကို ဥပဒေဘက်တော်သားတွေက လက်ရဖမ်းနိုင်ဖို့ကြိုးစားတဲ့နေရာမှာ နောက်ကွယ်ကဖြစ်စဉ်တွေကို ကျကျနန “လေးလေးလံလံ” တင်ဆက်တာ။ The Wire တို့ True Detective တို့လိုစီးရီးတွေနဲ့ တစ်တန်းတည်းပေမဲ့ Mindhunter ဟာ True Detective ထက် The Wire ရဲ့လမ်းစဉ်ဘက်ကို ပိုလိုက်တယ်။ အက်ရှင်ထက် ဇာတ်ကောင်အချင်းချင်းကြား အပြန်အလှန်စကားတွေကို အသားပေးထားတာဖြစ်ပါတယ်။
Primetime Emmy မှာ Nomination 1ခု နဲ့ အခြားဆု nomination 23ဆု၀င်ခဲ့သလို အခြားဆုပေါင်း 4ဆုကိုလည်း ရရှိထားပါတယ်။
ဒါကြောင့် ဇာတ်လမ်းအကြောင်းကို မပြောပြတော့ပဲ ဒီဇာတ်လမ်းတွဲ ဘယ်လောက်ကြမ်းသလဲ၊ ဘယ်လောက်ထိ dark ဖြစ်သလဲဆိုတာ
Netflixမှာ ကိုယ်တိုင်ပဲ ကြည့်ရူခံစားလိုက်ပါ။
Genre – Crime, Drama and Thriller
IMDB: 8.6/10
Rotten Tomatoes: 97%
Credit Review
ဒီ Series ကိုဘာသာပြန်ပေးသူကတော့ Kyam ဖြစ်ပါတယ်
IMDB: 8.6/10
Rotten Tomatoes: 97%
Credit Review