Saitama က သူရဲ့အတွေ့အကြုံ၊ သူရဲ့ ပြင်းထန်သော လေ့ကျင့်မှုတွေနဲ့ သူရဲကောင်းတစ်ဦးဖြစ်ချင်ခဲ့ပါတယ်။…..။ သူ့ဘ၀မှာ ခံစားမှုတွေ(Feelings ) တွေဆိုတာ မရှိလောက်အောင်ပဲ ဖြစ်နေပါတယ်။ …။ မိဘမရှိတစ်ကောင်ကြွက်တစ်ယောက်ရဲ့ခံစားမှုမျိုးက သူ့ဆီမှာ အမြဲတမ်းဖြစ်နေစေပါတယ်။…။ မကောင်းဆိုးဝါးတွေ လည်းအမြောက်အမြားပါဝင်သလို…
မကောင်းဆိုးဝါး တစ်ဦးတစ်ယောက် က သူနဲ့ရင်ဆိုင်တွေ့ရင်လည်း…သူ့ရဲ့ တစ်ချက်ထိုးလက်သီးတွေ အောက်မှာ လွင့်ထွက်သွားတတ်ကြတာချည်းပါပဲ… သူကတော့ ဘာမှ မဖြစ်ပါဘူး Saitama က သူ့ရဲ့ လက်တွေကို ကျန်းမာသန်စွမ်းအောင်လို့ အစားအသောက်ကို အမြဲပဲ ပြင်ဆင်ပြီးမှစားသောက်ပါတယ်…။ ယခု အပိုင်းတစ်မှာတော့ Saitama က Hero တစ်ယောက်ဘယ်လိုဖြစ်လာလဲဆိုတာကိုတော့ မပြောပြထားပါဘူး…. မြှုပ်ကွက် တစ်ခုလို ထည့်ထားပါတယ်..။ ပြောနေကြာတယ်ဗျာ…. ဘယ်လောက်ထိကောင်းလဲဆိုတာတော့ မိတ်ဆွေတို့ပဲကြည့်ကြည့်လိုက်ကြပါတော့….
Credit Review