ဒီစီးရီးဟာ KBS ရုပ်သံကနေ မေလ ၃၁ရက်နေ့က စတင်ပြသနေတဲ့ ကိုရီးယားနန်းတွင်း အချစ်ဇာတ်လမ်း စီးရီးပဲဖြစ်ပါတယ် … ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ ထုတ်လွှင့်တာ ဖြစ်ပြီး ဒီစီးရီးမှာ အပိုင်း ၂၀ပါဝင်မှာဖြစ်ပါတယ် …ဇာတ်လမ်းအစမှ ပြောထားသလိုပဲ သမိုင်းကို အခြေခံထားပေမယ့် စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် … သမိုင်း ကျောရိုးအနေနဲ့ကတော့ မင်းသား Jin Saung ဟာ Shin Chae-Kyung နဲ့ ၁၄၉၉ ခုနှစ်မှာ ထိမ်းမြားလက်ထပ်ခဲ့ပြီး ၁၅၀၆ မှာ မင်းသား Jin Saung က ဘုရင်ဖြစ်လာပြီး Shin Chae-Kyung ကတော့ မိဘုရားဖြစ်လာပါတယ် … ဒါပေမယ့် ခုနစ်ရက်ကြာပြီးတဲ့နောက်မှာ မိဘုရားအရာကျသွားပြီး နန်းတွင်းပြင်ပကို နှင်ထုတ်ခံခဲ့ရပါတယ် … ဒါကတော့ ဂျိုဆန်ခေတ်မှာ တကယ်ဖြစ်ခဲ့တဲ့ သမိုင်းကျောရိုးပါ … ဒါကို အခြေခံပြီးတော့ KBS ရုပ်သံစီးရီးက Queen for Seven Days ဆိုတဲ့ ခေါင်းစဉ်နဲ့ အချစ်ဇာတ်လမ်းလေး တစ်ခု ဖန်တီးခဲ့ပါတယ်… စောင့်မျှော်ကြည့်ရှုကြပါလို့ …ဒီစီးရီးထဲမှာ မင်းသမီး Park Min Young, Park Shi Eun, မင်းသား Yun Woo Jin, Baek Seung Hwan နဲ့ Lee Dong Gun တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် …
Credit Review
Quality – 720p
File Size – 500 MB