မိန်းမဆန်တယ် ဆိုတာ ဘာလဲ ?
မွေးရာပါ ထူးကဲတဲ့ခွန်အားကို ကောင်းမွန်တဲ့ဘက်မှာ အသုံချနိုင်ဖို့ ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက် အဖြစ် Park Bo Young
နှုတ်ခမ်းနီမလေးတွေအသည်းစွဲ ဆွဲဆောင်နိုင်မှုအပြည့်နဲ့ သူ့ရဲ့နာကြင်မှုတွေအပေါ်ရိုင်းစိုင်းမောက်မာတဲ့ အမူအကျင့်နဲ့ဖုံးအုပ်ထားတဲ့ ခပ်ဆိုးဆိုး အမွေခံသူဌေးသားဖြစ်သလို အင်တာနက် ဂိမ်းကုမ္မဏီ တစ်ခုရဲ့သူဌေး Ahn Min Hyuk အဖြစ် Park Hyuk Sik
မင်းတို့တွေ ဘယ်လိုလူတွေလဲ?
တရားမျှတမှု ကိုအရမ်းကိုတန်ဖိုးထားတဲ့ စံပြ စုံထောက်အသစ်ကလေး In Guk Doo အဖြစ် Ji Soo
Do Bong Soon (Park Bo Young) ကသာမာန်လူတွေထက်ထူးကဲလို့ မွေးရာပါ ခွန်အားကြီးမားသူမိန်းကလေးတစ်ယောက် သတိမထားမိတဲ့အခါမျိုးမှာ ထိလိုက်သမျှကျိုးပဲ့ပျက်စီးသွားစေနိုင်ပါတယ် Bong Soon ကသူတစ်ဖက်သတ်ကြွေနေတဲ့ Guk Doo(Ji Soo) ရဲ့စိတ်ကူးထဲကချစ်သူပုံရိပ်ဖြစ်တဲ့ ကျော့ရှင်းလှပတဲ့ မိန်းမတစ်ယောက်အရမ်းကိုဖြစ်ချင်နေပါတယ်တဲ့ ☺
သူမရဲ့ခွန်အားစွမ်းအင် ကျေးဇူးကြောင့် အင်တာနက် ဂိမ်းကုမ္မဏီတစ်ခုရဲ့ CEO တစ်ယောက်ဖြစ်ပြီး အမွေခံသူဌေးသား Ahn Min-Hyuk (Park Hyung-Sik) ရဲ့သက်တော်စောင့်အလုပ်ကိုရခဲ့ပါတယ်
ဖြစ်ချင်တော့ Min-Hyuk (Hyung-Sik) က Guk Doo (Ji Soo) နဲ့လုံးဝကိုဆန့်ကျင်ဘက်ဆိုသလို ပိုင်စိုးပိုင်နင်းအထက်စီးကဆက်ဆံတတ်ပြီး စည်းမျဉ်းစည်းကမ်းတွေ နားမလည် အရေးမစိုက်တတ်တဲ့ ဆိုးပေ အမွေခံသူဌေးသားပေါ့
တစ်ရက်မှာ Bong Soon , Guk Doo နဲ့ Min Hyuk တို့သုံးဦးသား အကြီးစား လူသတ်မှုတစ်ခုနဲ့ ပါတ်သတ်မိတဲ့အခါမှာ လုံခြုံရေးကြောင့် စိတ်မပါလက်မပါနဲ့ မဖြစ်မနေကို တူတူနေရဖို့အကြောင်းဖန်လာခဲ့ပါတယ် Min Hyuk ရဲ့ ကြင်နာမှုတွေအပေါ် Guk Doo ကအမှားလုပ်မိတဲ့အခါမှာတော့ နားလည်မှူလွဲတဲ့အရာတွေ စတင်ဖြစ်ပေါ်လာပါတော့တယ် ဒီဇာတ်ကားမှာသူတို့ ၃ယောက်ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဟာသလေးတွေနဲ့အတူကြည့်ရမယ့် အချစ်ဟာသဇာတ်ကားတစ်ကားပါ
Credit Review
မိန္းမဆန္တယ္ ဆိုတာ ဘာလဲ ?
ေမြးရာပါ ထူးကဲတဲ့ခြန္အားကို ေကာင္းမြန္တဲ့ဘက္မွာ အသုံခ်ႏိုင္ဖို႔ ႀကိဳးစားေနတဲ့ မိန္းကေလးတစ္ေယာက္ အျဖစ္ Park Bo Young
ႏႈတ္ခမ္းနီမေလးေတြအသည္းစြဲ ဆြဲေဆာင္ႏိုင္မႈအျပည့္နဲ႔ သူ႔ရဲ႕နာၾကင္မႈေတြအေပၚ႐ိုင္းစိုင္းေမာက္မာတဲ့ အမူအက်င့္နဲ႔ဖုံးအုပ္ထားတဲ့ ခပ္ဆိုးဆိုး အေမြခံသူေဌးသားျဖစ္သလို အင္တာနက္ ဂိမ္းကုမၼဏီ တစ္ခုရဲ႕သူေဌး Ahn Min Hyuk အျဖစ္ Park Hyuk Sik
မင္းတို႔ေတြ ဘယ္လိုလူေတြလဲ?
တရားမွ်တမႈ ကိုအရမ္းကိုတန္ဖိုးထားတဲ့ စံျပ စုံေထာက္အသစ္ကေလး In Guk Doo အျဖစ္ Ji Soo
Do Bong Soon (Park Bo Young) ကသာမာန္လူေတြထက္ထူးကဲလို႔ ေမြးရာပါ ခြန္အားႀကီးမားသူမိန္းကေလးတစ္ေယာက္ သတိမထားမိတဲ့အခါမ်ိဳးမွာ ထိလိုက္သမွ်က်ိဳးပဲ့ပ်က္စီးသြားေစႏိုင္ပါတယ္ Bong Soon ကသူတစ္ဖက္သတ္ေႂကြေနတဲ့ Guk Doo(Ji Soo) ရဲ႕စိတ္ကူးထဲကခ်စ္သူပုံရိပ္ျဖစ္တဲ့ ေက်ာ့ရွင္းလွပတဲ့ မိန္းမတစ္ေယာက္အရမ္းကိုျဖစ္ခ်င္ေနပါတယ္တဲ့ ☺
သူမရဲ႕ခြန္အားစြမ္းအင္ ေက်းဇူးေၾကာင့္ အင္တာနက္ ဂိမ္းကုမၼဏီတစ္ခုရဲ႕ CEO တစ္ေယာက္ျဖစ္ၿပီး အေမြခံသူေဌးသား Ahn Min-Hyuk (Park Hyung-Sik) ရဲ႕သက္ေတာ္ေစာင့္အလုပ္ကိုရခဲ့ပါတယ္
ျဖစ္ခ်င္ေတာ့ Min-Hyuk (Hyung-Sik) က Guk Doo (Ji Soo) နဲ႔လုံးဝကိုဆန႔္က်င္ဘက္ဆိုသလို ပိုင္စိုးပိုင္နင္းအထက္စီးကဆက္ဆံတတ္ၿပီး စည္းမ်ဥ္းစည္းကမ္းေတြ နားမလည္ အေရးမစိုက္တတ္တဲ့ ဆိုးေပ အေမြခံသူေဌးသားေပါ့
တစ္ရက္မွာ Bong Soon , Guk Doo နဲ႔ Min Hyuk တို႔သုံးဦးသား အႀကီးစား လူသတ္မႈတစ္ခုနဲ႔ ပါတ္သတ္မိတဲ့အခါမွာ လုံၿခဳံေရးေၾကာင့္ စိတ္မပါလက္မပါနဲ႔ မျဖစ္မေနကို တူတူေနရဖို႔အေၾကာင္းဖန္လာခဲ့ပါတယ္ Min Hyuk ရဲ႕ ၾကင္နာမႈေတြအေပၚ Guk Doo ကအမွားလုပ္မိတဲ့အခါမွာေတာ့ နားလည္မႉလြဲတဲ့အရာေတြ စတင္ျဖစ္ေပၚလာပါေတာ့တယ္ ဒီဇာတ္ကားမွာသူတို႔ ၃ေယာက္ၾကားက သုံးပြင့္ဆိုင္အခ်စ္ဇာတ္လမ္းကို ဟာသေလးေတြနဲ႔အတူၾကည့္ရမယ့္ အခ်စ္ဟာသဇာတ္ကားတစ္ကားပါ
Credit Review