ဒီတစ်ခါမှာတော့ Tale of nine tailed ဆိုတဲ့ fantasy ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးပါမယ်။
ဟိုးရှေးရှေးကတည်းက အမြီးကိုးချောင်းပါမြေခွေးတွေဟာ သူတို့ရဲ့ သွေးသားဆာလောင်မှုကို ဖြည့်ဆည်းနိုင်ဖို့ အပြစ်မဲ့လူတွေကို သွေးဆောင်ဖြားယောင်တဲ့ ပုံပြင်တွေ ရှိခဲ့ပါတယ်။ အခုခေတ်မှာတော့ သရဲတစ္ဆေပုံပြင်တွေကို ယုံကြည်တဲ့သူနည်းပေမယ့် Nam Ji-A လိုမျိုး ဒီပုံပြင်တွေမှာ စိတ်ကူးယဉ်ထက် အမှန်တရားတွေ ပိုများနိုင်တယ်လို့ လက်ခံထားတဲ့သူတွေလည်း ရှိပါတယ်။ ဒဏ္ဍာရီနဲ့ ပုံပြင်တွေထဲ ပုန်းကွယ်နေတဲ့ မကောင်းဆိုးဝါးတွေ တကယ်ရှိတယ်ဆိုတာ သက်သေပြဖို့ ဂျီအာဟာ တီဗီအစီအစဉ်တစ်ခု ဖန်တီးခဲ့ပါတယ်။ ခိုင်မာတဲ့စိတ်ဓာတ် ထက်သန်တဲ့ဇွဲတွေနဲ့ Ji-A ဟာ ရှားပါး ထူးဆန်းတဲ့ အကြောင်းအရာတစ်ခုကို ရှာတွေ့ခဲ့တယ်။
အဲဒီအရာနောက်လိုက်ရင်း Ji-A ဟာ ချောမောခံ့ညားပြီး ထက်မြက်တဲ့ Lee Yeon နဲ့ ဆုံတွေ့ခဲ့တယ်။ ကိုယ့်မျက်လုံးနဲ့မြင်ရတာထက် မမြင်နိုင်တဲ့အရာတွေက အများကြီးရှိမှန်းသိလာခဲ့တဲ့ Ji-A… သူ့ကို အနီးကပ် စောင့်ကြည့်နေရင်း သာမန်လူတစ်ယောက်လို့ ယုံကြည်လာတဲ့အခါမှာတော့…မြို့ထဲကို မကြာသေးခင်ကမှ ပြောင်းလာတဲ့ အမြီးကိုးချောင်းမြေခွေး Lee Yeon. ဂျီအာက သူ့နောက်ကြောင်းကို စုံစမ်းနေတယ်ဆိုတာသိလို့ သိုသိုသိပ်သိပ်ပဲ နေခဲ့ပေမယ့် သွေးဆာနေတဲ့ သူ့ရဲ့ညီ Lee Rang ပေါ်လာတဲ့အခါမှာတော့ ရှုပ်ထွေးကုန်ပါတယ်။ Lee Yeon ရော ဂျီအာကို အငြိုးကြီးတဲ့ ညီလက်ကနေ
လွတ်အောင် ကယ်တင်နိုင်မှာလား…
Credit Review
ဒီတစ္ခါမွာေတာ့ Tale of nine tailed ဆိုတဲ့ fantasy ဇာတ္လမ္းတြဲေလးနဲ႔ မိတ္ဆက္ေပးပါမယ္။
ဟိုးေရွးေရွးကတည္းက အၿမီးကိုးေခ်ာင္းပါေျမေခြးေတြဟာ သူတို႔ရဲ႕ ေသြးသားဆာေလာင္မႈကို ျဖည့္ဆည္းႏိုင္ဖို႔ အျပစ္မဲ့လူေတြကို ေသြးေဆာင္ျဖားေယာင္တဲ့ ပုံျပင္ေတြ ရွိခဲ့ပါတယ္။ အခုေခတ္မွာေတာ့ သရဲတေစၦပုံျပင္ေတြကို ယုံၾကည္တဲ့သူနည္းေပမယ့္ Nam Ji-A လိုမ်ိဳး ဒီပုံျပင္ေတြမွာ စိတ္ကူးယဥ္ထက္ အမွန္တရားေတြ ပိုမ်ားႏိုင္တယ္လို႔ လက္ခံထားတဲ့သူေတြလည္း ရွိပါတယ္။ ဒ႑ာရီနဲ႔ ပုံျပင္ေတြထဲ ပုန္းကြယ္ေနတဲ့ မေကာင္းဆိုးဝါးေတြ တကယ္ရွိတယ္ဆိုတာ သက္ေသျပဖို႔ ဂ်ီအာဟာ တီဗီအစီအစဥ္တစ္ခု ဖန္တီးခဲ့ပါတယ္။ ခိုင္မာတဲ့စိတ္ဓာတ္ ထက္သန္တဲ့ဇြဲေတြနဲ႔ Ji-A ဟာ ရွားပါး ထူးဆန္းတဲ့ အေၾကာင္းအရာတစ္ခုကို ရွာေတြ႕ခဲ့တယ္။
အဲဒီအရာေနာက္လိုက္ရင္း Ji-A ဟာ ေခ်ာေမာခံ့ညားၿပီး ထက္ျမက္တဲ့ Lee Yeon နဲ႔ ဆုံေတြ႕ခဲ့တယ္။ ကိုယ့္မ်က္လုံးနဲ႔ျမင္ရတာထက္ မျမင္ႏိုင္တဲ့အရာေတြက အမ်ားႀကီးရွိမွန္းသိလာခဲ့တဲ့ Ji-A… သူ႔ကို အနီးကပ္ ေစာင့္ၾကည့္ေနရင္း သာမန္လူတစ္ေယာက္လို႔ ယုံၾကည္လာတဲ့အခါမွာေတာ့…ၿမိဳ႕ထဲကို မၾကာေသးခင္ကမွ ေျပာင္းလာတဲ့ အၿမီးကိုးေခ်ာင္းေျမေခြး Lee Yeon. ဂ်ီအာက သူ႔ေနာက္ေၾကာင္းကို စုံစမ္းေနတယ္ဆိုတာသိလို႔ သိုသိုသိပ္သိပ္ပဲ ေနခဲ့ေပမယ့္ ေသြးဆာေနတဲ့ သူ႔ရဲ႕ညီ Lee Rang ေပၚလာတဲ့အခါမွာေတာ့ ရႈပ္ေထြးကုန္ပါတယ္။ Lee Yeon ေရာ ဂ်ီအာကို အၿငိဳးႀကီးတဲ့ ညီလက္ကေန
လြတ္ေအာင္ ကယ္တင္ႏိုင္မွာလား…
Credit Review