၂၀၁၅ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ မနက်၃နာရီကြီးမှာ တန်ဖိုးကြီးနာရီတစ်ခုဝတ်ထားတဲ့လူတစ်ယောက်က ကောင်မလေးတစ်ယောက်ရဲ့အလောင်းကို တံတားပေါ်ကနေပစ်ချလိုက်ပါတယ်။ ဒါပေမယ့် တကယ်တမ်းဖမ်းခံရတဲ့အခါမှာတော့ တကယ့်တရားခံအစစ်မဟုတ်ပဲ လီဒယ်ချောဆိုတဲ့သူဖြစ်နေပြီး အပြစ်မရှိပဲနဲ့ ကြိုးမိန့်ပေးခံလိုက်ရပါတယ်။
ဒီအဖြစ်အပျက်တွေပြီးလို့ ငါးနှစ်ကြာတဲ့အခါမှာတော့ ဒီအမှုနဲ့ ဆက်စပ်ဆင်တူတဲ့ကိစ္စတွေကပြန်ဖြစ်လာပါတော့တယ်။
ဒီလိုကိစ္စတွေကို လီဒယ်ချောလူသတ်မှုကိုစုံစမ်းခဲ့တဲ့ စုံထောက်ဂန်ဒိုချန်းနဲ့ ဆိုဘူရဲစခန်းကိုအသစ်ရောက်လာတဲ့ စုံထောက်ဂျီအိုဟျော့တို့က ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမှာလဲ?? လွန်ခဲ့တဲ့ငါးနှစ်ကလူသတ်မှုရဲ့တရားခံကိုဘယ်သူတွေကဖုံးကွယ်ပေးလိုက်ကြတာလဲ?? တကယ့်တရားခံကရောဘယ်သူလဲ?? စတာတွေကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမယ့် series တစ်ခုပဲဖြစ်ပါတယ်။
ဇာတ်ဆောင်တွေအနေနဲ့ကတော့ Kdrama fanတွေရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Son HyunJoo က ဂန်ဒိုချန်းအဖြစ်ပါဝင်ထားပြီးတော့ဂျီအိုဟျော့ နေရာမှာတော့ Encounter(Boyfriend)ထဲကဒုတိယမင်းသားနေရာကနေ စိတ်ဝင်စားမှုတွေရရှိထားတဲ့ Jang Seung-jo ကသရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်လမ်းတွဲကို ဘာသာပြန်ပေးသူကတော့ Jen ဖြစ်ပါတယ်