M-Sub Movie – Myanmar Subtitle Movies & Series Free Download Website

The Mandalorian (2019) Season 2 Complete

The Mandalorian

2 Seasons 8 Episodes
Returning Series

The Mandalorian (2019) Season 2 Complete

8.5
TMDb: 8.5/10 5308 votes

General information

Original nameThe Mandalorian
Created by
Starring

Backdrops

Synopsis of The Mandalorian (2019) Season 2 Complete

Unicode

Empire ကျဆုံးချိန်နဲ့ First Order ခေါင်းထောင်မလာခင်စပ်ကြားမှာဇာတ်အိမ်တည်ထားတယ်။ Mandalorian လို့ပဲခေါ်ကြတဲ့ အမည်မသိကြေးစားမုဆိုးတယောက်ရဲ့စွန့်စားခန်းတွေကိုကြည့်ကြရမှာပါ။

Star Wars ပရိသတ်တွေကတော့ ဒီကြေးစားမုဆိုးရဲ့ဝတ်စုံကိုမြင်တာနဲ့ Boba Fett ကိုပြေးမြင်ကြမယ်ထင်တယ်။ Star Wars မကြည့်တဲ့သူတွေအတွက် အတိုချုပ်ရှင်းပြရရင်တော့ Boba ဟာ Empire Strikes Back မှာပါဝင်ခဲ့တဲ့ကြေးစားမုဆိုးတယောက်ပါ။ Mandalorian ဆိုတဲ့အသုံးအနှုန်းကို Star Wars ရုပ်ရှင်တွေထဲမှာထည့်မပြောခဲ့ပေမယ့် comic book တွေ animated series တွေထဲမှာတော့ပါဝင်နေခဲ့တာနှစ်တော်တော်ကြာပါပြီ။

ဇာတ်လမ်းထဲမှာတော့ သရုပ်ဆောင် Pedro Pascal က Mandalorian အဖြစ်အဓိကပါဝင်ထားတယ်။ သူဟာဆုကြေးထုတ်ထားတဲ့ရာဇဝတ်ကောင်တွေကိုလိုက်ဖမ်းရင်းအသက်မွေးတယ်။ သူရတဲ့ငွေကို Foundling လို့ခေါ်တဲ့မိဘမဲ့ Mandalorian ကလေးတွေကိုထောက်ပံ့ဖို့လှူတာကိုပြထားသလို၊ သူကိုယ်တိုင်ကလည်း Foundling ပဲဖြစ်တယ်လို့ပြောထားတဲ့အတွက် သူတို့လူမျိုးတွေရဲ့အကြောင်းထဲထဲဝင်ဝင်မြင်ရလိမ့်မယ်လို့ ထင်ရပါတယ်။Star Wars ပရိသတ်တွေကိုဆွဲဆောင်နိုင်ဖို့ Episode 1 ရဲ့နောက်ဆုံးခန်းမှာ cliffhanger လေးပေးထားသေးတယ်။ အဲ့ဒါကိုတော့ကိုယ့်ကိုယ်ကိုယ်ပဲကြည့်လိုက်ပါတော့နော်။

Mandalorian ဆိုတာ
၁၉၈၃ခုနှစ်မှာ Marvel ကထုတ်ဝေတဲ့ Star War comic book အမှတ်စဉ် ၆၈ The Search Begins မှာ Mandalorian တွေအကြောင်းစတင်ဖော်ပြခဲ့ပါတယ်။
Outer Rim ဆိုတဲ့လူနေထိုင်မှုနည်းပါးတဲ့စြက်ာဝဠာရဲ့နယ်မြေမှာ Mandalorian တွေရဲ့ဇာတိဂြိုဟ် Mandalore ရှိပါတယ်။ တိုက်ခိုက်သတ်ပုတ်ရတာဝါသနာထုံပြီး ကြေးစားစစ်သည်၊ ဆုကြေးစားမုဆိုးတွေအဖြစ် အသက်မွေးတယ်။ Comic book ဇာတ်လမ်းထဲမှာ Boba ကို Mandalore ရဲ့ protector တယောက်လို့ပြောပါတယ်။

ဒါပေမယ့် Boba က Mandalorian စစ်စစ်တော့မဟုတ်ဘူးဗျ။ သူဟာ Mandalorian ဖြစ်တဲ့ဆုကြေးစားမုဆိုး Jango Fett ရဲ့ကိုယ်ပွားတယောက်ပါ။ သူ့ကိုသားအရင်းလိုမွေးမြူပြီး တွေရဲ့ဓလေ့ထုံးစံအတိုင်းသင်ကြားပေးခဲ့၊ Mandalorian ချပ်ဝတ်တန်ဆာတွေဝတ်ဆင်ပေးခဲ့ပေမယ့် Mandalorian စစ်စစ်တော့မဟုတ်ဘူး။ စီးရီးထဲက Mandalorian ကပိုစစ်မှန်တယ်လို့ showrunner Jon Favreau ကဆိုပါတယ်။

Mandalore မှာမမွေးပေမယ့်လည်း Mandalorian culture အတိုင်းနေတဲ့သူတွေဆိုရင်လည်း Mandalorian လို့သတ်မှတ်လေ့ရှိတယ်။ Mandalorian ဆိုတဲ့နာမည်စတင်လာပုံကိုက တိုက်ရည်ခိုက်ရည်ထက်မြတ်တဲ့ဂြိုဟ်သားမျိုးစိတ် Taung တွေရဲ့ခေါင်းဆောင် Mandalore the First ကိုအခြေခံတယ်။ သူတို့ရဲ့ဇာတိဂြိုဟ် Coruscant ပျက်စီးသွားတဲ့အခါ Mandalore ဦးဆောင်တဲ့ Taung မျိုးစိတ်တွေဟာ Outer Rim ထဲကဂြိုဟ်တခုကိုတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။ အဲ့ဒီဂြိုဟ်ကိုသူတို့ခေါင်းဆောင်ရဲ့နာမည်အတိုင်း Mandalore လို့အမည်ပေးလိုက်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ Mandalorian တို့ရဲ့ယဉ်ကျေးမှုအတိုင်းပြုမူနေထိုင်သူတွေဆိုရင် Taung မဟုတ်လည်း Mandalorian လို့သတ်မှတ်လာကြတာပါ။ သူတို့တွေရဲ့ချပ်ဝတ်တန်ဆာကို beskar လို့ခေါ်တဲ့သတ္တုတမျိုးနဲ့လုပ်တယ်။ အဲ့ဒီသတ္တုဟာ Mandalore နဲ့ အရံလ Concordia မှာထွက်ရှိပြီး light saber တွေကိုတောင်ခံနိုင်ရည်ရှိတယ်လို့ဆိုပါတယ်။
Jedi Order နဲ့စစ်ဖြစ်ပွားခဲ့ပြီးနောက် Mandalorian တွေမျိုးသုဉ်းလုမတတ်သေကြေကြရပြီး Mandalore ဟာလည်းလွင်တီးခေါင်တမျှပျက်စီးသွားခဲ့တယ်။ သူတိုရဲ့ဇာတ်လမ်းကို The Mandalorian မှာအကျယ်တဝံ့မြင်ရဖို့မျှော်လင့်ပါတယ်။

Credit Review

ဒီ Series ကိုဘာသာပြန်ပေးသူကတော့ May ဖြစ်ပါတယ်

Zawgyi




Mandalorian ဆိုတာ




Credit Review


Quality – Web-dl 1080p

Episode 1

Server M-File

Episode 2

Server M-File

Episode 3

Server M-File

Episode 4

Server M-File

Episode 5

Server M-File

Episode 6

Server M-File

Episode 7

Server M-File

Episode 8

Server M-File

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါတယ်။

Airs On
Release Year
Firt air date
Last air date2020-12-18
TypeScripted
Episode runtime35,48 min
Popularity862.151
TV StatusReturning Series

Seasons and episodes

No data available

Videos

Comments