Dc universe ရဲ့ပထမခြေလှမ်းဖြစ်တဲ့ Titans ထွက်လာပါပြီ Titans ဟာ Dc comic ရဲ့နာမည်ကျော် Team တစ်ခုဖြစ်တဲ့အပြင် မန်မာနိုင်ငံမှာလည်း Teen Tians series ကိုလူတော်တော်များများသိကြမှာပါ ဇာတ်လမ်းအကျဉ်းကတော့Batman လောင်းရိပ်အောက်ကထွက်လာတဲ့ Robin ရယ် Darkness တွေကြီးစိုးနေတဲ့ Raven Starfire နဲ့ Beast boy တို့ Titans ဘယ်လိုဖြစ်လာမလိုဆိုတာတွေ့ရမှာပါ တခြား Dc character တွေလည်း အများကြီးပါလာမှာမို့ ဆက်ဆက်ကြည့်သင့်တဲ့ Series ပါ Spin off အနေနဲ့ထပ်ထွက်မယ့် series တွေလည်းကျန်ပါသေးတယ်
ဒီတစ်ခုကတော့ ကျနော်တို့ကြည့်ဖူးတဲ့ Tt မဟုတ်ပါဘူးတော်တော်လေး Dark ဖြစ်တာကိုတွေ့ရမှာပါ( Starfire အသားအရေကိုပြောခြင်းမဟုတ် ) စတာပါ Starfire လည်း ဝေဖန်မှုတွေကြားက တော်တော်လေးကောင်းတာကိုတွေ့ရပါတယ် First Episode အနေနဲ့ကတော့ တာထွက်ကောင်းတဲ့ဇာတ်လမ်းလို့ပြောရပါမယ်။CGI တွေလည်း သူ့ဟာနဲ့သူ အဆင်ပြေတဲ့အပြင်Realistic ဖြစ်တဲ့ Fight Scenes တွေကို R rated နဲ့ကြမ်းပြသွားတဲ့ Robin ကိုလည်းတွေ့ရမှာပါ။ Dc style ဖြစ်တဲ့ Deep and Dark ကို R rated အနေအထားနဲ့ဆိုတော့ကြည့်ရတာအဆင်ပြေမှာပါ။ ကလိထိုးရီရမယ့်Slapstick jokes တွေလည်း မထည့်သွင်းထားပါဘူး xD အများကြီးပြောစရာမလိုအပ်ဘူးလို့ထင်ပါတယ်။
Tv-MA ဖြစ်တဲ့အတွက် 17 နှစ်အောက်တွေ လူကြီးပါမှကြည့်ရှုလို့သင့်ပါမယ်။
Credit – Review